Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 4:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ထို့အတွက်ကြောင့် အသျှင်ယေသျှု၏ အခွင့်အာဏာဖြင့် ငါရို့သည် သင်ရို့အား ပီးအပ်ထားသည့် ညွှန်ကြားချက်များကို သင်ရို့ သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 4:2
7 ပူးပေါင်းရင်းမြစ်များ  

ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုနည်းတူ ပညတ်တရားကို မစောင့်သော တခြားလူမျိုးရို့၌ အမှုတော်ဆောင်ရွက်စဉ် သူရို့အား ရစီခြင်းငှာ ပညတ်တရားကို မစောင့်သောတခြားလူမျိုးကဲ့သို့ နီထိုင်၏။ ဤသို့ဆိုရာ၌ ငါသည် ဘုရားသခင်၏ ပညတ်တော်ကို မလိုက်နာဟုမဆို။ အကယ်စင်စစ် ငါသည် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်၏။


နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။


ဘုရားသခင်သည် သင်ရို့ကို သန့်ယှင်းစီရန်နှင့် ကာမဂုဏ်လိုက်စားခြင်းမှ လုံးဝ လွတ်ကင်းစီရန် အလိုဟိတော်မူ၏။


သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် “အလုပ် မလုပ်ချင်သောသူအား အစာကိုလည်း မစားစီကတ်ကေ့” ဟူ၍ သင်ရို့ကို သွန်သင်လေ့ဟိ၏။


ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ