18 သို့ဖြစ်၍ ဤစကားများဖြင့် တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
ဤအမှုအရာများ ဖြစ်ပျက်လာသောအခါ သင်ရို့အား ရွီးနုတ်ကယ်တင်တော်မူခြင်းငှာ အချိန်နီးကပ် နိန်ပြီဖြစ်၍ သင်ရို့၏ခေါင်းကို မော့၍ အထက်ကို မျှော်ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။
ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။
သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။
ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။
ထို့ကြောင့် အားအင်ကုန်ခမ်းနိန်သောလက်တိနှင့် ချိနဲ့နိန်သောဒူးတိကို ခိုင်ခံ့စီကြလော့။