၁ သက်သာလောနိတ် 4:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။