၁ သက်သာလောနိတ် 3:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား13 ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။