Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 3:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ငါရို့၏အဖ ဘုရားသခင်နှင့် ငါရို့၏အသျှင်ယေသျှုသည် သင်ရို့ပါးသို့ ငါရို့လာမည့်လမ်းခရီးကို ပျင်ဆင်ပီးပါစီသောဝ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 3:11
28 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့သည် သူတစ်ပါးက သင်ရို့ကို ပြုမှားမိသောအပြစ်တိကို ခွင့်ရွှတ်မှသာလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖက သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။


သင်အစာယှောင်နိန်သည်ကို တခြားလူတိအား မသိစီဘဲ မမြင်နိုင်သော သင်ရို့၏အဖကို သာလျှင် သိမြင်စီပါ။ သို့ပြုလျှင် ဆိတ်ကွယ်ရာအရပ်၌ သင်ရို့ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား ကောင်းချီးများစွာကို ပီးတော်မူလိမ့်မည်။


ငှက်တိကို ကြည့်ကတ်ပါ။ သူရို့သည် မျိုးစိ့လည်းမကြဲ၊ စပါးလည်းမရိတ်၊ ပုတ်ထဲ၌လည်း မစုဆောင်းကတ်၊ သို့သော်လည်း ဤသို့သော ငှက်တိကို တောင်မှ သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖက ကျွေးမွီးထားလျှင် သင်ရို့သည် ငှက်တိထက် သာ၍ မြင့်မြတ်ကြသည်မဟုတ်လော။


(သာသနာပလူတိကသာ ဤအရာများအတွက် စွဲလမ်းတတ်ကြ၏။) ကောင်းကင်ဘုံသျှင် သင်ရို့၏အဖသည် သင်ရို့ လိုအပ်ချက်ကို သိတော်မူပြီးဖြစ်၏။


ထိုအမှုသည် ထိုသူ တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သောကိစ္စဖြစ်ရမည်။ သို့မှသာ ဆိတ်ကွယ်ရာ၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား အကျိုးကို ထင်ရှားစွာ ပီးတော်မူလိမ့်မည်။


သို့ဖြစ်၍ သင်သည် ဆုတောင်းသည့်အခါ အခန်းထဲသို့ ဝင်၍ တန်းခါးကို ပိတ်ပြီးလျှင် လူတိမမြင်နိုင်သော သင်၏အဖကို တောင်းကြလော့။ ဆိတ်ကွယ်ရာအရပ်၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင့်အား ပီးတော်လိမ့်မည်။


တောကန္တာရ၌ ဟစ်ကြော်သောသူ၏အသံကား ‘သခင်ဘုရား ကြွတော်မူရာလမ်းကို ပျင်ဆင်ကြလော့၊ ထိုအသျှင်၏ လမ်းခရီးတော်ကို ပြောင့်တန်းစီကြလော့’” ဟု ရီးထားသည်နှင့်အညီ၊


ထိုအရာတိကို သာသနာပလူတိကသာ ရှာဖွီတတ်ကြ၏။ ထိုအရာတိကို သင်ရို့ လိုအပ်ကြောင်း သင်ရို့အဖ သိတော်မူ၏။


သိုးစုချေ၊ မကြောက်ကတ်ကေ့။ အကြောင်းမူကား သင်ရို့အဖသည် သင်ရို့အား နိုင်ငံတော်ကိုပီးဖို့ အလိုဟိ၏။


“ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။


ထိုသတင်းကောင်းတရားသည်ကား ဒါဝိဒ်၏ အမျိုးတစ်ယောက်အဖြစ်ဖြင့် လူ့ဇာတိကို ခံယူမွီးဖွားလာသော ဘုရားသခင်၏သားတော် ငါရို့၏အသျှင် ယေသျှုခရစ်တော်အကြောင်း ဖြစ်၏။


ငါသည် သင်ရို့၏ အဖဖြစ်မည်။ သင်ရို့သည်လည်း ငါ့သားသမီးတိ ဖြစ်ကြလိမ့်မည်ဟု၊ အနန္တတန်ခိုးသျှင် ဘုရားသခင် မိန့်တော်မူ၏” ဟု မြွက်ဆိုတော်မူ၏။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ကောလောသဲမြို့၌ဟိသော သန့်ယှင်းသူများတည်းဟူသော ခရစ်တော်၌ သစ္စာဟိသော ညီအစ်ကိုမောင်နှမရို့ပါးသို့ စာရီးလိုက်ပါ၏။ ငါရို့အဖ ဘုရားသခင်ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့ ခံစားကြရပါစီသောဝ်။


ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။


အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။


ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။


ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊


ငြိမ်သက်ခြင်း၏အသျှင် သခင်ဘုရား ကိုယ်တော်တိုင် မည်သည့်အခြေအနေ၌မဆို သင်ရို့အား ငြိမ်သက်ခြင်းကို အစဉ်မပြတ် ပီးသနားတော် မူပါစီသောဝ်။ သခင်ဘုရားသည် သင်ရို့အားလုံးနှင့်အတူ ဟိတော်မူပါစီသောဝ်။


သင်ရို့သည် ခရစ်တော်အားဖြင့် ပီးသနားတော်မူသော သည်းခံခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သာ၍ နားလည်သဘောပေါက်စီခြင်းငှာ သခင်ဘုရား လမ်းပြတော်မူပါစီသောဝ်။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။


ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား “အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ