Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 1:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 သင်ရို့သည် သခင်ဘုရားကို လည်းကောင်း ငါရို့ကို လည်းကောင်း၊ အတုယူကြသောသူတိ ဖြစ်ကြ၏။ အကြောင်းမူကား သင်ရို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ယှင်းသော ဝိညာဉ်တော်ကပီးသော ဝမ်းမြောက်ခြင်းဖြင့် တရားတော်ကို ခံယူခကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 1:6
33 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။


တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။


အန္တိအုတ်မြို့ ယုံကြည်သူများသည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝကြလေ၏။


တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။


ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။


သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သင်ရို့၏ မျှော်လင့်ခြင်းသည် ဆက်လက် ကြီးထွားပါမည်အကြောင်း မျှော်လင့်ခြင်း၏အသျှင် ဘုရားသခင်သည် ကိုယ်တော်၌ တည်သော သင်ရို့၏ယုံကြည်ခြင်းအားဖြင့် သင်ရို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း အပေါင်းနှင့် ပြည့်စုံကြပါစီသောဝ်။


သို့ဖြစ်၍ ငါသည် ခရစ်တော်ထံမှ နည်းခံသကဲ့သို့ သင်ရို့သည်လည်း ငါ့ထံ၌ နည်းခံကြလော။


သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်သောကြောင့် သင်ရို့ကို ငါချီးကျူး၏။


ထို့ကြောင့် ငါ၏စံနမူနာကို လိုက်ကြရန် ငါတိုက်တွန်းနှိုးဆော်၏။


ဝမ်းနည်းရသော်လည်း အစဉ်မပြတ် ဝမ်းမြောက်ရ၏။ သူဆင်းရဲများ ဖြစ်သော်လည်း လူအများကို ချမ်းသာကြွယ်ဝစီ၏။ တစ်စုံတစ်ခုမျှ မဟိသော်လည်း အလုံးစုံတိကို ပိုင်ကြ၏။


ဤသို့ ပြုကြခြင်းသည် ငါရို့မျှော်လင့်သည်ထက် ပိုလေ၏။ သူရို့သည် မိမိရို့ကိုယ်ကို သခင်ဘုရားအား ဦးစွာ ဆက်ကပ် ပြီးနောက် ဘုရားသခင်၏ အလိုတော်နှင့်အညီ သူရို့ကိုယ်တိုင် ငါရို့အား ပီးကမ်းကြ၏။


သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊


သင်ရို့သည် ဘုရားသခင်ချစ်သော သားသမီးများဖြစ်ကြသည်နှင့်အညီ၊ ကိုယ်တော်ကဲ့သို့ ကြိုးစားရမည်။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ငါ့ထံမှ အတုယူကြလော့။ ငါရို့ပြသော စံနမူနာကောင်းကို လိုက်ကြသောသူရို့အား ရှုမှတ်ကြလော့။


သင်ရို့သည် ညှည်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်း ခံရသမျှ၌ ယုံကြည်ခြင်း၊ သည်းခံခြင်း ဟိကြသည်ကို ထောက်၍ ငါရို့သည် ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


သင်ရို့သည် ငါရို့ လုပ်ဆောင်ခသည့်အတိုင်း လုပ်ဆောင်သင့်သည်ကို သင်ရို့ကိုယ်တိုင် သိကြ၏။ သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် ပျင်းရိစွာ မနီထိုင်ခကြ။


ငါရို့သည် ထိုသို့သော အကူအညီကို တောင်းပိုင်ခွင့် မဟိ၍ မဟုတ်။ သင်ရို့ လိုက်လျှောက်ကြရန် ပုံသက်သေကို လုပ်ပြခကြ၏။


အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။


သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။


ဤအကြောင်းကြောင့် ဝမ်းမြောက်ကြလော့။ အကြောင်းမူကား သင်ရို့ခံစားရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် အဂု တအောင့်ချေမျှသာ ဖြစ်၏။


သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။


သို့ဖြစ်၍ ကောင်းသောအမှု၌ သင်ရို့သည် စိတ်အားထက်သန်ကြပါမူ မည်သူသည် သင်ရို့အား ထိခိုက်နိုင်မည်နည်း။


အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ