Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 1:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 1:5
60 ပူးပေါင်းရင်းမြစ်များ  

တပည့်တော်ရို့လည်း အရပ်ရပ်သို့လား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူရို့နှင့်အတူ လုပ်ဆောင်၍ ဟောပြောသော တရားတော်သည် မှန်ကန်ကြောင်းကို ပြုတော်မူသော နိမိတ်လက္ခဏာများအားဖြင့် သက်သီပြတော်မူ၏။] [


မြတ်သော သော်ဖိလု၊ အကျွန်ရို့ကြား၌ ဖြစ်ခသည့် အကြောင်းအရာများကို ကောင်းစွာ ရီးသားပြုစုသော လူများစွာ ဟိခပါ၏။


သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။


နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။


ကိုယ်တော့်ကို ဘုရားသခင်၏ လက်ယာတော်ဖက်၌ ချီးမြှောက်တော်မူပြီးနောက် ကတိထားတော်မူသည်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှ ခံယူလေ၏။ အဂုတွင် သင်ရို့ တွိ့မြင်ကြားသိနိန်သော ထိုဝိညာဉ်တော်ကို ငါရို့အထက်၌ သွန်းလောင်းတော်မူပြီ။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သင်ရို့၏ မျှော်လင့်ခြင်းသည် ဆက်လက် ကြီးထွားပါမည်အကြောင်း မျှော်လင့်ခြင်း၏အသျှင် ဘုရားသခင်သည် ကိုယ်တော်၌ တည်သော သင်ရို့၏ယုံကြည်ခြင်းအားဖြင့် သင်ရို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း အပေါင်းနှင့် ပြည့်စုံကြပါစီသောဝ်။


သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။


သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။


သင်ရို့သည်လည်း ငါပြုသကဲ့သို့ ပြုကြလော့။ ငါသည် လူတိ ကယ်တင်ခံရမည့်အကြောင်း၊ ပြုသမျှသော အမှုတိတွင် ကိုယ်ကျိုးကိုမရှာဘဲ လူတိအကျိုးကို ငဲ့၍ သူရို့နှစ်သက်အောင် ပြု၏။


သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း သိကြသည်မဟုတ်လော။


ငါသည် မျိုးစိ့ကို စိုက်ပျိုး၏။ အာပေါလုကား ရီလောင်း၏။ အပင်ကို ကြီးထွားစီတော်မူသော သူကား ဘုရားသခင်ပေတည်း။


ဘုရားသခင်၏ နိုင်ငံတော်သည် စကား၌ မတည်။ တန်ခိုး၌သာ တည်၏။


ထိုနည်းတူစွာ သတင်းကောင်းကို ဟောပြောသက်သီခံသောသူရို့သည်လည်း သတင်းကောင်းအားဖြင့် မိမိရို့၏ အသက်မွီးလောက်သောအစာကို ရသင့်၏ ဟူ၍ သခင်ဘုရား မိန့်မှာတော်မူခ၏။


ပဋိညာဉ်တရားအသစ်အတွက် ဆောင်ရွက်နိုင်ရန် ကိုယ်တော်သည် ငါရို့အား အစွမ်းအစကို ပီးတော်မူ၏။ ထိုပဋိညာဉ်တရားအသစ်ကား ပညတ်တရားတွင် ပါဝင်သည်မဟုတ်။ ဝိညာဉ်တော်၏ တရားဖြစ်၏။ ရီးသားထားသော ပညတ်တရားသည် အသက်ကို သီစီတတ်သော်လည်း ဝိညာဉ်တော်မူကား အသက်ကို ရှင်စီတတ်၏။


အကြောင်းမူကား ငါသည် ဘုရားသခင်၏ ဗျာဒိတ်တော်အတိုင်း ဤသို့ လားရခြင်းဖြစ်၏။ ငါသည် ခေါင်းဆောင်တိနှင့် သီးသန့် တွိ့ဆုံပြီး တခြားလူမျိုးရို့အား ငါဟောပြောထားသည့် သတင်းကောင်းကို တင်ပြ၏။ ဤသို့ တင်ပြရခြင်းမှာ ငါသည် အယင်က လုပ်ခသည့် အရာများသည် လည်းကောင်း၊ အဂု လုပ်နိန်သည့် အရာများသည် လည်းကောင်း အချည်းနှီး မဖြစ်စီလိုသောကြောင့် ဖြစ်၏။


ငါရို့သည်ကား ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်ဟု ယုံကြည်ခြင်းအားဖြင့် မျှော်လင့်နိန်ကြ၏။


အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။


ကိုယ်တော်သည် ငါရို့၏ အထဲ၌ တန်ခိုးတော်အားဖြင့် လုပ်ဆောင်လျက် ဟိတော်မူသော၊ ငါရို့တောင်းလျှောက် ကြံစည်သမျှသောအရာတိထက် သာလွန်၍ ပြုနိုင်တော်မူသော၊


အကြောင်းမူကား၊ မိမိ၏အကြံအစည်အတိုင်း သင်ရို့အထဲ၌ နာခံလိုက်လျှောက်စီရန်နှင့် စိတ်ဆန္ဒဟိစီခြင်းငှာ အစဉ်လုပ်ဆောင်သော သူသည် ဘုရားသခင် ဖြစ်၏။


သင်ရို့သည် ငါ့ထံ၌ ကြားခသမျှ၊ မြင်ခသမျှ၊ သင်ယူခသမျှတိကို ပြုကျင့်ကြလော့။ ထိုသို့ပြုလျှင် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူသော ဘုရားသခင်သည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ဘုန်းတော်ကို ပိုင်ဆိုင်ကြစီရန် ဘုရားသခင်သည် ငါရို့ဟောပြောသည့် သတင်းကောင်းအားဖြင့် သင်ရို့ကို ခေါ်ထားတော်မူ၏။


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


ဒါဝိဒ်အမျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည့် သီခြင်းမှ ထမြောက်လာသော ယေသျှုခရစ်တော်ကို အောက်မိ့လော့။ ဤကား ငါ၏ သတင်းကောင်းတရားဖြစ်၏။


ငါရို့သည် သန့်စင်သောရီဖြင့် ဆီးကြောထားသော ကိုယ်ခန္ဓာဖြင့် လည်းကောင်း၊ ဖြောင့်မှန်သော နှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ ဆိုးညစ်သောစိတ်နှလုံးကို သန့်ယှင်းစင်ကြယ်၍ လည်းကောင်း၊ ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။


ငါရို့၏ ကြီးမားသော ဆန္ဒသည် သင်ရို့တစ်ယောက်စီတိုင်း၏မျှော်လင့်ချက်များ ပြည့်စုံလာစီရန် သင်ရို့၏စိတ်အားထက်သန်မှုကို အဆုံးတိုင်အောင် ခိုင်မြဲစီခြင်းငှာ ဖြစ်၏။


ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။


ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊


စောင့်ရှောက်ရန် သင်ရို့အား အပ်ထားသော သူရို့အပေါ်၌ အာဏာဖြင့်အုပ်စိုးခြင်း မဟုတ်ဘဲ သိုးစုရှိ့၌ စံနမူနာကောင်းကို ဖြစ်စီလော့။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းနှင့် ရွီးကောက်တော်မူခြင်းကို တည်မြဲစီရန် သာ၍ကြိုးစားကြပါက သင်ရို့သည် မည်သည့်အခါမျှ သင်ရို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကြလိမ့်မည် မဟုတ်။


ထို့အပြင် ပို၍ စိတ်ချရသော ပရောဖက်များ ဟောပြောထားသည့် ဗျာဒိတ်စကားလည်း ငါရို့၌ ဟိ၏။ ထိုဗျာဒိတ်စကားသည် အာရုဏ်တက်သည့်တိုင်အောင် အမှောင်ထဲ၌ ထွန်းလင်းနိန်သည့် ဆီမီးခွက်ကဲ့သို့ ဖြစ်ပြီး မိုးသောက်ကြယ်၏ အလင်းသည်လည်း သင်ရို့စိတ်နှလုံးထဲ၌ ထွန်းလင်းလျက်ဟိသောကြောင့် သင်ရို့သည် ထိုဗျာဒိတ်စကားကို ကြားခြင်းငှာ ဂရုစိုက်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ