၁ သက်သာလောနိတ် 1:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား10 ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။ အခန်းကိုကြည့်ပါ။ |
ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊
ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။