၁ ပေတရု 5:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား8 သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။ အခန်းကိုကြည့်ပါ။ |
သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။
ထို့နောက် ငါသည် ကောင်းကင်မှ ကျယ်လောင်သောအသံကို ကြားရသည်ကား၊ “ယခုအခါ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် တန်ခိုးတော်သည် သက်ရောက်လာလေယာ။ မေသျှိယသည်လည်း မိမိ၏အခွင့်အာဏာကို ပြတော်မူယာ။ ဇာကြောင့်ဆိုသော် ယုံကြည်သောသူရို့အား နိ့ညမပြတ် ငါရို့၏ဘုရားသခင် ရှိ့တော်၌ ပြစ်တင်စွပ်စွဲလျက် နိန်သောသူကို ကောင်းကင်ဘုံမှ နှင်ချလိုက်ပြီဖြစ်သောကြောင့်တည်း။