၁ ပေတရု 4:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား6 ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။
ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။