19 သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆင်းရဲဒုက္ခခံရသော သူရို့သည် ကောင်းသောအမှုကို ပြုလျက် သစ္စာနှင့် ပြည့်စုံတော်မူသော ဖန်ဆင်းသျှင်၏ လက်တော်သို့ မိမိရို့အား အပ်နှံထားကြလော့။
ယေသျှုသည် “အိုအဖ၊ အကျွန်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်ပါ၏” ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
ဤသို့ သူ့ကိုကျောက်သီးနှင့် ပစ်နိန်ကြစဉ် သတေဖန်က “အို၊ အသျှင်ယေသျှု၊ အကျွန့်ဝိညာဉ်ကို ရုပ်သိမ်းတော်မူပါ” ဟု သခင်ဘုရားကို ဆုတောင်းလေ၏။
ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။
သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
သင်ရို့သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် လူမိုက်ရို့၏ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုမှုကို ရပ်တန့်စီရန် ဘုရားသခင် အလိုဟိတော်မူ၏။
အကြောင်းမူကား ဘုရားသခင် အလိုတော်ဟိလျှင် မကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ထက် ကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ကား သာ၍ ကောင်း၏။
ထိုဝိညာဉ်တိကား နောဧသည် သင်္ဘောကို တည်ဆောက်လျက် နိန်စဉ် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းသော်လည်း စကားကို နားမထောင်ခသူရို့၏ ဝိညာဉ်များပင် ဖြစ်သတည်း။ သို့ရာတွင် သင်္ဘောထဲတွင် သျှစ်ယောက်မျှသော လူအနည်းငယ်သာ ရီအားဖြင့် ကယ်တင်ခြင်းကို ခံရ၏။