Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 4:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 ကျမ်းစာတော်မြတ်၌ “အကယ်၍ သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန် ခက်ခဲပါမူ ဘုရားတရားကို မသိသော အပြစ်သားတိအဖို့ မည်သို့ ဖြစ်လိမ့်မည်နည်း” ဟူ၍ ဆိုထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 4:18
27 ပူးပေါင်းရင်းမြစ်များ  

တစ်နိ့၌ အခွန်ခံသူများနှင့် အပြစ်သားအပေါင်းရို့သည် ယေသျှု၏တရားစကားကို နားထောင်ရန် အထံတော်သို့ လာကြသောအခါ၊


အကြောင်းမူကား စိမ်းသောသစ်ပင်ကို ဤသို့ပြုလျှင် ခြောက်သောအပင်ကိုကား ဇာကဲ့သို့ ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


‘ပေါလု၊ မကြောက်ကေ့။ သင်သည် ဧကရာဇ်ဘုရင်၏ ရှိ့သို့ ရောက်ရမည်။ ဘုရားသခင်သည်လည်း သင့်ကို ထောက်ထား၍ သင်နှင့် အတူတကွ လိုက်လာသောသူအပေါင်းရို့အား အသက်ဘေးမှ လွတ်မြောက်စီလိမ့်မည်’ ဟု ဆို၏။


သို့ရာတွင် ပေါလုသည် တပ်မှူးနှင့် စစ်သားတိအား၊ “သင်္ဘောသားရို့ သင်္ဘောထက်၌ မဟိလျှင် သင်ရို့သည် အသက်ချမ်းသာရခြင်းငှာ မျှော်လင့်ခြင်းမဟိ” ဟု ဆို၏။


လူသားတိ၏အပြစ်များနှင့် ဒုစရိုက်များကို ဆန့်ကျင်လျက် ဘုရားသခင်၏အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြလျက်ဟိ၏။ ထို့အပြင် လူတိသည် ဒုစရိုက်အပြစ်များကို ပြုခြင်းဖြင့် သမ္မာတရားကို သိခြင်းငှာ တားဆီးပိတ်ပင်ခြင်းကို ခံနိန်ကြရ၏။


အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။


သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။


သင်သည် ခိုင်ခံ့စွာရပ်တည်လျက် နိန်သည်ဟု ထင်လျှင် မယိုင်မလဲစီခြင်းငှာ ကောင်းစွာသတိပြုလော။


ထိုပညတ်တရားများကို လူကောင်းတိအတွက် ပြဌာန်းထားသည်မဟုတ်၊ ပညတ်တရားကို မစောင့်သောသူ၊ ပြစ်မှုကျူးလွန်သောသူ၊ ဘုရားကို မကြည်ညိုသောသူ၊ အပြစ်ကျူးလွန်သောသူ၊ တရားမဲ့သောသူများ၊ မိမိရို့၏အဖ သို့မဟုတ် အမိကို သတ်သောသူ၊ လူအသက်ကို သတ်သောသူ၊


ယခုတွင် ကိုယ်တော်၏ကတိတော်နှင့် ဆိုင်သော ငြိမ်ဝပ်ချမ်းသာခြင်းသည် ငါရို့တွင် တည်လျက်ဟိ၏။ ထို့ကြောင့် သင်ရို့တစ်ဦးတစ်ယောက်မျှ ထိုချမ်းသာခြင်းထဲသို့ မဝင်လိုက်ရဘဲ မနိန်ကြစီခြင်းငှာ ဂရုစိုက်ကြလော့။


သင်ရို့သည် အပြစ်ကင်းသောသူကို အပြစ်စီရင်၍ သတ်ကြ၏။ သို့သော်လည်း သူရို့သည် သင်ရို့ကို ဆန့်ကျင်ခြင်း မပြုကြပေ။


သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။


သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။


လူအပေါင်းရို့အား တရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာ အပြစ်တင် ပြုမူမှုများအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပြစ်သားရို့သည် ဘုရားသခင်အား ရိုင်းပြစွာ ဆန့်ကျင်ပြောဆိုကြသည့် စကားများအတွက် လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်” ဟု ကြိုတင် ဟောပြောခလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ