16 သို့သော်လည်း ခရစ်ယာန်ဖြစ်သောကြောင့် ဆင်းရဲဒုက္ခခံရပါက ရှက်စရာအကြောင်းမဟိ။ ခရစ်တော်၏ နာမကြောင့်ခံရလျှင် ဘုရားသခင်ကို ချီးမွမ်းလော့။
သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။
အဂြိပ္ပမင်းကြီးကလည်း ပေါလုအား “ဤမျှ အချိန်တိုတိုအတွင်းမှာ ငါ့ကို ခရစ်ယာန်တစ်ယောက် ဖြစ်နိုင်အောင် ဖျားယောင်းနိုင်လိမ့်မည်ဟု သင်သည် ထင်မိသလော” ဟု ဆို၏။
သို့ပင်သျှောင် သင်၏ အယူအဆ အကြောင်းကိုမူ ငါရို့ နားထောင်လိုပါ၏။ အကြောင်းမူကား ဤဂိုဏ်းခွဲကို အရပ်ရပ်၌ ဟိသောလူတိက ဆန့်ကျင်ပြောဆိုနိန်ကြသည်ကို ငါရို့သိကြ၏” ဟု ဆိုကြ၏။
တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။
ငါသည် ဇာခါ၌မျှ မိမိ၏တာဝန်ကို မပျက်မကွက်ဘဲ အခါခပ်သိမ်း၌ လည်းကောင်း၊ အထူးသဖြင့် ယခုအခါ၌လည်းကောင်း ရဲရင့်ခြင်းနှင့် ပြည့်စုံလျက် ငါသည် အသက်ရှင် သည်ဖြစ်စီ၊ သီကျလားသည်ဖြစ်စီ၊ ငါ့ အစွမ်းဟိသမျှနှင့် ခရစ်တော်၏ ဘုန်းတော် ထင်ရှားလာနိုင်စီရန် မျှော်လင့်တောင့်တ၏။
သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။
သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
သူရို့သည် သင်ရို့အဖို့ ပီးထားသော ကိုယ်တော်၏ ကောင်းမြတ်သော နာမတော်ကို ကဲ့ရဲ့ပြောဆိုကြသည် မဟုတ်လော။
သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။
သင်ရို့သည် ခရစ်တော်၏ နာမတော်ကြောင့် စော်ကားခြင်းကို ခံရသောအခါ မင်္ဂလာဟိကြ၏။ ဇာကြောင့်ဆိုသော် ထိုသို့ ခံရသောအချိန်၌ ဘုန်းတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထက်၌ ကိန်းဝပ်တော်မူ၏။
သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆင်းရဲဒုက္ခခံရသော သူရို့သည် ကောင်းသောအမှုကို ပြုလျက် သစ္စာနှင့် ပြည့်စုံတော်မူသော ဖန်ဆင်းသျှင်၏ လက်တော်သို့ မိမိရို့အား အပ်နှံထားကြလော့။