Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 4:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 သင်ရို့တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏ ခြားနားသော ဆုကျေးဇူးများကို ရဟိထားသည်ဖြစ်၍ ကောင်းသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့ ဘုရားသခင်ထံမှ မိမိရို့ရဟိထားသော အထူး ဆုကျေးဇူးများကို တခြားလူများ၏ အကျိုးအတွက် အသုံးပြုကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 4:10
29 ပူးပေါင်းရင်းမြစ်များ  

လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။


ဤမျှလောက် ကြောက်စရာကောင်းသည့် ဒုက္ခကပ်ဆိုးကြီးသည်ကား ကမ္ဘာဦးအစကပင် ဂနိ့ထိတိုင်အောင် တစ်ခါမျှ မဖြစ်ဖူးခသိမ့်။ နောင်တွင်လည်း ဤကဲ့သို့ တစ်ခါမျှ ဖြစ်လိမ့်မည်မဟုတ်။


“ထို့နောက် သခင်သည် မိမိအိမ်ထောင်စု၌ဟိသော အစီခံတိကို အချိန်တန်လျှင် သူရို့အတွက် စားနပ်ရိက္ခာများကို ပီးကမ်းရန် အအုပ်အချုပ် ခန့်ထားသည့် သစ္စာဟိ၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော အစီခံဟူသည်ကား ဇာသူလဲ။


ထိုနည်းတူ လုပ်ဆောင်သဖြင့် ရွှီဒင်္ဂါး ၂,၀၀၀ ရသောသူမှာလည်း ၂,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။


“သူရို့ကလည်း ‘အသျှင်ဘုရား အကျွန်ရို့သည် ဇာအချိန်အခါ၌ ကိုယ်တော် ဝမ်းဆာနိန်ခသည်ကိုလည်းကောင်း၊ ရီသောက်ငတ်နိန်ခသည်ကိုလည်းကောင်း၊ အာဂန္တုဖြစ်နိန်ခသည်ကိုလည်းကောင်း၊ အဝတ်လိုအပ်နိန်ခသည်ကိုလည်းကောင်း၊ ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ချခံထားရသည်ကိုလည်းကောင်း အကျွန်ရို့သည် မြင်၍ မပြုစုခပါလဲ’ ဟု ပြန်၍ လျှောက်ကြ၏။


အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည်မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။


သခင်ဘုရားက၊ “သခင်သည် အခိုင်းအစီတိကို အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် အစားအသောက်တိကို ခွဲဝီပီးစီခြင်းငှာ ခန့်ထားသည့် သစ္စာဟိပြီး လိမ္မာသော အခိုင်းအစီကား ဇာသူလဲ။


ခရီးမထွက်ခင် မိမိ၏အခိုင်းအစီ ဆယ်ယောက်ကိုခေါ်ပြီး ‘ငါပြန်လာသည့်အချိန်ထိ ကုန်သွယ်မှုကို ပြုပြီးနီကြလော့’ ဟု ဆို၍ ရွှီဒင်္ဂါးတစ်ပြားစီ ပီးလိုက်၏။


ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား ယောဟန္န၊ သျှုယှန္နနှင့် အခြားမိန်းမများလည်းပါ၏။ ထိုအမျိုးသမီးရို့သည် မိမိရို့စရိတ်ဖြင့် ယေသျှုနှင့် တပည့်တော်ရို့အား လုပ်ကျွေးသမှု ပြုကြ၏။


သို့ရာတွင် အဂုအချိန်တွင် ယေရုဆလင်မြို့၌ဟိသော သန်းယှင်းသော လူစုတော်ရို့၏ အမှုကို ဆောင်ရွက်ရန် ထိုမြို့သို့ လားရဦးမည်။


အမှန်အားဖြင့်ဆိုသော် ထိုသို့ သူရို့ကို ကူညီရန် မိမိရို့၏ တာဝန်ဖြစ်သည်ဟု မိမိရို့ကိုယ်တိုင် ဆုံးဖြတ်ကြခြင်း ဖြစ်၏။ အကြောင်းမူကား ယုဒလူမျိုးတိက မိမိရို့ခံစားရသည့် ဝိညာဉ်ဆုကျေးဇူးများကို တခြားလူမျိုးတိအား ဝီမျှပီးသည့်နည်းတူ တခြားလူမျိုးတိကလည်း မိမိရို့၏လောကီ အသုံးအဆောင်ပစ္စည်းများကို ယုဒလူမျိုးတိအား ကူညီကြခြင်း ဖြစ်၏။


သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။


ငါသည် ဘုရားသခင်ပီးသနားတော်မူသော ဆုကျေးဇူးကို အသုံးပြုလျက် ကျွမ်းကျင်စွာ တည်ဆောက်သောသူကဲ့သို့ အုတ်မြစ်ကို ချခ၏။ တစ်စုံတစ်ယောက်ကလည်း ထိုအုတ်မြစ်ထက်တွင် တည်ဆောက်၏။ သို့သော် ထပ်ဆင့်၍ တည်ဆောက်သောသူတိုင်းသည် မိမိဇာပိုင် တည်ဆောက်သည်ကို သတိပြုရမည်။


ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


ယုဒပြည်၌ဟိသော ဘုရားသခင်၏လူစုတော်အား ကူညီထောက်ပံ့ခြင်း အမှုနှင့်ပတ်သတ်၍ သင်ရို့ပါးသို့ ရီးသားရန် အမှန်ပင် မလိုအပ်ပေ။


ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊


“ဆုကျေးဇူးများကို ချပီးတော်မူသော” သူသည် ကိုယ်တော်ပင်ဖြစ်၏။ ကိုယ်တော်သည် လူတချို့ကို တမန်တော်အရာ၌ လည်းကောင်း၊ တချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ တချို့ကို ဧဝံဂေလိဆရာ အရာ၌လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် သင်ကြားပီးသောဆရာ အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။


ထိုနိ့ရက်၌ သခင်ဘုရား၏ကရုဏာတော်ကို ခံစားရပါစီသောဝ်။ ထို့နောက် သူသည် ဧဖက်မြို့၌ ငါ့ကို နည်းမျိုးစုံဖြင့် အလုပ်အကျွေးပြုခသည်ကို သင်သည် ကောင်းစွာသိ၏။


အကြောင်းမူကား အသင်းတော်​အကြီးအကဲ​တစ်ယောက်သည် ဘုရားသခင်၏ ဘဏ္ဍာထိန်းဖြစ်သည်နှင့်အညီ အပြစ်ကင်းစင်သောသူ ဖြစ်ရမည်။ သူသည် စိတ်နီမြင့်သူ၊ စိတ်တိုတတ်သောသူ၊ သီရည် သောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ ငွီကို တပ်မက်သောသူမဖြစ်စီရ။


ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။


သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။


သစ္စာဟိသော ညီအစ်ကိုအဖြစ် ငါမှတ်ယူထားသော သိလွာနု၏ အကူအညီဖြင့် သင်ရို့ပါးသို့ ဤစာကို ရီးသားလိုက်၏။ ငါသည် သင်ရို့ကို အားပီးတိုက်တွန်းရန်နှင့် သင်ရို့ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်၏ ကျေးဇူးတော် အစစ်အမှန်ဖြစ်ကြောင်းကို သက်သီခံလို၏။ ထိုကျေးဇူးတော်တွင် ခိုင်ခံ့စွာ ရပ်တည်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ