4 ဘုရားသခင်၏ ရှိ့တော်မှောက်၌၊ အလွန် အဖိုးတန်သည့် တည်ငြိမ်သော စိတ်သဘောနှင့် နူးညံ့သိမ်မွိ့သော စိတ်သဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သော အတွင်းစိတ်နှလုံးကို တန်ဆာဆင်ကြလော့။
ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။
“ကြည့်ကတ်ပါ၊ သင်ရို့၏ သျှင်ဘုရင်သည် မြည်းမနှင့် မြည်းချေကို စီး၍ စိတ်နှလုံးကို နှိမ့်ချလျက် သင်ရို့ပါးသို့ ရောက်လာယာ ဟု ဇိအုန်သတို့သမီးကို ပြောကတ်ပါ” ဟူ၍ ဖြစ်၏။
မျက်ကန်းဖာရိယှဲ၊ ခွက်ဖလားအတွင်းကို အလျှင် စင်ကြယ်အောင် ဆီးကြောကတ်ပါ။ ထိုသို့ ပြုလျှင် အပြင်၌လည်း သန့်ယှင်းစင်ကြယ်လိမ့်မည်။
စိတ်နှလုံးနှိမ့်ချသောသူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်ပီးထားသော ကတိတော်ကို ခံစားရလိမ့်မည်။
အချင်းလူမိုက်ရို့၊ အပြင်ဖက်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် အတွင်းဖက်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။
ယေသျှုက “သင်ရို့သည် လူတိရှိ့၌ မိမိကိုယ်ကို ဖြောင့်မတ်ယောင်ဆောင်သော်လည်း၊ ဘုရားသခင်က သင်ရို့စိတ်နှလုံးကို သိတော်မူ၏။ လူတိ အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ ရှိ့တော်၌ စက်ဆုပ်ဖွယ်ဖြစ်၏။
အကြောင်းမူကား သူရို့သည် မဖောက်ပြန်၊ မပျက်စီးတတ်သော ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုမည့်အစား ဖေါက်ပြန်ပျက်စီးတတ်သော လူ သို့မဟုတ် ငှက် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် တွားလားသတ္တဝါ ကဲ့သို့သော ရုပ်တုများကို ကိုးကွယ်ဝတ်ပြုလျက်ဟိကြ၏။
အမှန်ပြောရလျှင် အတွင်းနှလုံးသားအရီဖျားကို လှီးထားသော သူတစ်ယောက်သည်သာ စစ်မှန်သော ယုဒလူဖြစ်ပေ၏။ ဤအမှုသည်ကား ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်ခြင်းဖြစ်၏။ ပညတ်တရားနှင့် မသက်ဆိုင်။ ထိုသို့သောသူသည် လူအများ၏ချီးမွမ်းခြင်းကို မခံရသော်လည်း ဘုရားသခင်၏ချီးမွမ်းခြင်းကို ခံရပေ၏။
ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။
ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။
ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။
ဤအကြောင်းကြောင့် ငါရို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျော့ခြင်း မဟိကြ။ ငါရို့၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသော်လည်း ငါရို့၏ ဝိညာဉ်မူကား တစ်နိ့ထက်တစ်နိ့ အသစ်ပြုပြင်ခြင်းကို ခံရကြ၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။
သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။
အကြောင်းမူကား သင်ရို့သည် သီဆုံးခပြီး ဖြစ်သောကြောင့် အဂုတွင် သင်ရို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ဟိ၏။
သင်ရို့သည် အယင်က ငါရို့ မှာကြားခသည့်အတိုင်း ငြိမ်ဝပ်စွာနီ၍၊ မိမိရို့၏အရေးကိစ္စကို မိမိရို့ကိုယ်တိုင် ဆောင်ရွက်ကြရန် ကြိုးစားအားထုတ်ကြလော့။
ထိုသို့သော လူတိအား ငြိမ်ဝပ်စွာဖြင့် နီထိုင်၍ မိမိရို့၏အသက်မွီးဝမ်းကျောင်းအတွက် မိမိရို့ကိုယ်တိုင် လုပ်ဆောင်ကြရန် အသျှင်ယေသျှု ခရစ်တော်၏ နာမတော်မြတ်၌ ငါရို့ တိုက်တွန်းလိုက်၏။
ငါရို့သည် သန့်ယှင်းခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်းအားဖြင့် အီးချမ်းသာယာစွာ နီထိုင်နိုင်ကြရန် သျှင်ဘုရင်ရို့နှင့် အာဏာပိုင်ရို့အားလုံးအတွက်လည်း ထိုသို့ ပြုကြလော့။
ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။
ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။
ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။
အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။
သို့သော် သင်ရို့၏ စိတ်နှလုံးတွင် ခရစ်တော်ကို သခင်ဘုရားအဖြစ် ရိုသီလေးမြတ်စွာ ခံယူကြလော့။ သင်ရို့ ခံယူထားသော မျှော်လင့်ချက်အကြောင်းကို မိန်းမြန်းလာသောသူအား အစဉ်မပြတ် ယှင်းလင်းဖော်ပြရန် အသင့် ဟိကြလော့။