Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 3:22 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

22 ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 3:22
24 ပူးပေါင်းရင်းမြစ်များ  

“ ‘ထာဝရဘုရားသည် ငါ၏သခင်အား မိန့်တော်မူသည်မှာ ငါသည် သင်၏ရန်သူအားလုံးကို သင်၏ခြီဖဝါးအောက်၌ ချထားသည့်တိုင်အောင် သင်သည် ငါ၏လက်ယာဖက်၌ ထိုင်နိန်လော့’ ဟူ၍ ဖြစ်၏။


ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ “ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။


သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ် မြွက်ဆိုသည်ကား၊ “ ‘သင်၏ရန်သူတိကို သင်၏ခြီဖဝါးအောက်သို့ ငါ ရောက်စီမည်။ ယင်းသို့ မရောက်မီကာလတိုင်အောင် ငါ၏လက်ယာဖက်၌ ထိုင်နိန်လော့’ ဟု ထာဝရဘုရားက ငါ၏အသျှင်အား မိန့်တော်မူ၏။


ထိုသို့ တပည့်တော်ရို့အား မိန့်တော်မူပြီးသောအခါ အသျှင်ယေသျှုသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီး၊ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ထိုင်နိန်တော်မူ၏။


ဒါဝိဒ်ကိုယ်တိုင် ဆာလံကျမ်း၌ “ ‘ထာဝရဘုရားက ငါသည် သင်ရို့၏


ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတန်ခိုးတော် ထင်ရှားတော်မူလျှင်၊ ဘုရားသခင်သည် မိမိကိုယ်တိုင်အားဖြင့် သားတော်အား ဘုန်းထင်ရှားစီတော်မူ၍ သူ၏ဘုန်းတော်ကို ချက်ချင်း ထင်ရှားစီတော်မူလိမ့်မည်။


“ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ထံမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။


ရှီးကာလက မိမိ၏ သန့်ယှင်းသူ ပရောဖက်တိမှတဆင့် ပီးတော်မူခသော ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ထိုအသျှင်သည် အရာအားလုံးကို အသစ်ပြုပျင်သောကာလ ရောက်လာသည့်တိုင်အောင် ကောင်းကင်ဘုံ၌ ဟိနိန်တော်မူမည်။


အပြစ်စီရင်သောသူကား ဇာသူလဲ။ ငါရို့အတွက် အသီခံပီးသည်သာမက သီခြင်းက ထမြောက်၍ ဘုရားသခင်၏ လက်ယာဖက်မှာ နီတော်မူလျက်၊ ငါရို့ အတွက် ဆုတောင်းပီးနိန်သောသူကား ခရစ်တော်ယေသျှုပင် မဟုတ်ပါလား။


အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊


ထို့နောက် ကပ်ကာလ ကုန်ဆုံးချိန် ရောက်လိမ့်မည်။ ထိုအခါ ခရစ်တော်သည် အလုံးစုံသော အုပ်စိုးခြင်းတိ၊ အခွင့်အာဏာတိနှင့် တန်ခိုးအာဏာတိကို ပယ်ဖျက်ပြီးနောက် နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ ပီးအပ်တော်မူလိမ့်မည်။


သို့ဖြစ်၍ သင်ရို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြပြီးဖြစ်သောကြောင့် ဘုရားသခင်၏ လက်ယာတော်ဖက်၌ ခရစ်တော် ထိုင်တော်မူရာ အထက်အရပ်၌ဟိသော အရာတိကိုသာ စိတ်စွဲလမ်းကြလော့။


ဘုရားသခင်သည်၊ “သင်၏ရန်သူတိကို သင်၏ ခြီအောက်၌ သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင် ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌ “ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။


သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။


မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်းတစ်ပါး ဖြစ်လာတော်မူသော ယေသျှုသည် ငါရို့၏ ရှိ့တော်ဗြီးတစ်ယောက်အဖြစ်ဖြင့် ထိုဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။


ငါရို့ ပြောဆိုနိန်ကြသည့် အဓိကအချက်မှာ ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပလ္လင်တော် လက်ယာဖက်တွင် ထိုင်နိန်တော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိနိန်သည်ဟူသော အကြောင်းပင် ဖြစ်၏။


အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် ယခုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ