10 ကျမ်းစာတော်မြတ်၌၊ “အသက်ရှင်ခြင်းကို နှစ်သက်၍၊ ကောင်းသောနိ့ရက်ကို တွိ့မြင်လိုသောသူသည်၊ မိမိ၏လျှာကို မကောင်းသောစကားနှင့် ကင်းစီလော့။ မိမိနှုတ်သည်လည်း မုသားစကားနှင့် ကင်းစီလော့။
ယေသျှုက “ဇာအရာသည် ကောင်းမြတ်ပါလဲလို့ ငါ့ကို ဇာကြောင့် လာမိန်းနိန်လဲ။ ကောင်းမြတ်သောအသျှင် တစ်ပါးတည်းသာ ဟိ၏။ သင်သည် အသက်ရှင်ခြင်းသို့ ဝင်ရောက်လိုလျှင် ပညတ်တရားတိကို စောင့်ထိန်းလော့” ဟု မိန့်တော်မူ၏။
မိမိအသက်ကို ကယ်လိုသောသူကား အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့် သော်လည်းကောင်း မိမိ၏အသက်ကို ဆုံးယှုံးသောသူကား အသက်ကိုရလိမ့်မည်။
ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။
ကိုယ့်အသက်ကို ချစ်သောသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ဤလောက၌ မိမိအလိုသို့ မလိုက်သောသူသာလျှင် ထာဝရအသက်ကို စောင့်ရှောက်သူဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကြည်ညိုသည်ဟု ထင်မှတ်လျက်၊ မိမိ၏လျှာကို မချုပ်တည်းလျှင် ထိုသူသည် မိမိကိုယ်မိမိ လှည့်ဖျားသောသူဖြစ်ပြီး သူ၏ ဘာသာတရားကြည်ညိုခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။
ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။
ကိုယ်တော်သည် အပြစ်ကို မပြု၊ ကိုယ်တော်၏ နှုတ်တော်၌ မုသားကို မတွိ့ရ။
သူရို့နှုတ်၌ မုသားမဟိ။ အပြစ်ကင်းစင်သော သူတိဖြစ်ကြ၏။