Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 2:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 2:5
34 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရာ၌လည်းကောင်း သင်ရို့၏ခန္ဓာကိုယ်ကို သန့်ရှင်း၍ ဘုရားသခင်နှစ်သက်တော်မူသော အသက်ရှင်သည့် ပူဇော်သကာအဖြစ် ဆက်ကပ်ပူဇော်ကြခြင်းငှာ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သင်ရို့ကို ငါ တောင်းပန်လိုက်ပါ၏။ ဤကား သင်ရို့ပြုရမည့် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။


တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။


သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း သိကြသည်မဟုတ်လော။


ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။


သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကို လည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကို လည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊


ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုများနှင့် မည်သို့ စပ်ဆိုင်နိုင်မည်နည်း။ ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ “ငါသည် ငါ၏ လူစုတော်တွင် ကိန်းဝပ်၍၊ သူရို့ နှင့်အတူ လားလာ နိန်မည်။ ငါသည် သူရို့၏ ဘုရားဖြစ်၍ သူရို့သည်လည်း ငါ၏လူစုတော် ဖြစ်လိမ့်မည်။”


သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။


ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။


သင်ရို့၏ယုံကြည်ခြင်းကို ဘုရားသခင်အား ပူဇော်သော ယဇ်ထက်တွင် ငါ့ကို သွန်းလောင်းပူဇော်သော်လည်း ငါသည် ဝမ်းမြောက်၏။ ထိုသို့ ပြုလုပ်ရမည်ဆိုလျှင်လည်း ငါသည် သင်ရို့နှင့်အတူ ဝမ်းမြောက်၏။


သင်ရို့ ပို့လိုက်သော အလှူပစ္စည်းအားလုံးကို ဧပဖြောဒိတ်သည် ယူလာသဖြင့် ငါလိုသမျှကို ရဟိခ၍ ကြွယ်ဝလျက်ဟိ၏။ ထိုအရာများသည် မွှီးကြိုင်သော ပူဇော်သကာ၊ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်ကဲ့သို့ဖြစ်၏။


စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။


သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။


အကြောင်းမူကား တရားစီရင်ခြင်းကို အစပြုမည့် အချိန်သည် ရောက်လာလေပြီ။ ဘုရားသခင်၏ လူစုတော်သည် တရားစီရင်တော်မူခြင်းကို ဦးစွာ ခံရကြမည်။ ငါရို့သည် ဦးစွာ တရားစီရင်တော်မူခြင်း ခံရကြလျှင် ဘုရားသခင်၏ သတင်းကောင်းကို မယုံကြည်သောသူတိကား မည်သို့ ဖြစ်လိမ့်မည်နည်း။


မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။


ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။


အောင်မြင်သော သူကို ငါ၏ဘုရားသခင်ဗိမာန်တော်တွင် တိုင်ဖြစ်စီမည်။ ထိုသူရို့သည် နောင်ဇာအခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါ၏ဘုရားသခင်ထံတော်မှ ထွက်၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ယေရုဆလင်မြို့သစ်တည်းဟူသော ငါ့ဘုရားသခင်၏ မြို့တော်နာမကို လည်းကောင်း၊ ငါ၏ဘုရားသခင် နာမတော်ကို လည်းကောင်း ငါသည် ထိုသူ၌ ကမ္ပည်းရီးထိုးမည်။ ငါ၏အသစ်သော နာမတော်ကိုလည်း ထိုသူ၌ ငါရီးထိုးမည်။


ကိုယ်တော်သည် သူရို့အား အကျွန်ရို့ဘုရားသခင်၏ အမှုတော်ကို အစ်ီခံကြစီရန် နိုင်ငံတော်၏ ယဇ်ပုရောဟိတ်အရာကို ပီးအပ်တော်မူပြီး၊ ကမ္ဘာမြီကြီးတွင်လည်း စိုးစံရသောအခွင့်ကို ရဟိကြလိမ့်မည်” ဟု သီချင်းသစ်ကို သီဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ