Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 2:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 2:21
30 ပူးပေါင်းရင်းမြစ်များ  

မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ၏ခြီရာနောက်သို့ မလိုက်သောသူတိသည် ငါ့တပည့် မဖြစ်နိုင်။


ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။


ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။


မေသျှိယသည် ဘုန်းတန်ခိုးတော်ကို မခံယူခင် ဤကဲ့သို့ ဒုက္ခဝေဒနာတိကို ခံစားရန် လိုအပ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။


သင်ရို့၌ ငါပြုသကဲ့သို့ သင်ရို့ အချင်းချင်းလည်း ပြုကြစီရန် စံနမူနာကို ငါပြခယာ။


သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


ငါ၏နာမအဖို့အလို့ငှာ သူခံရမည့် ဒုက္ခဆင်းရဲခြင်း အကြောင်းကို အားလုံးကို ငါကိုယ်တိုင် သူ့ကိုဖော်ပြမည်” ဟု မိန့်တော်မူ၏။


များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။


သို့ဖြစ်၍ ငါသည် ခရစ်တော်ထံမှ နည်းခံသကဲ့သို့ သင်ရို့သည်လည်း ငါ့ထံ၌ နည်းခံကြလော။


ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။


ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။


ဤညှည်းပန်းနှိပ်စက်ခြင်းကြောင့် သင်ရို့တွင် ဇာသူမျှ မယိမ်းမယိုင် စီရန်ဖြစ်၏။ အကြောင်းမူကား ဤ ညှည်းပန်းနှိပ်စက်ခြင်းကို ငါရို့ခံရခြင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း သင်ရို့ကိုယ်တိုင် သိကြ၏။


ထို့အတွက်ကြောင့် အသျှင်ယေသျှု၏ အခွင့်အာဏာဖြင့် ငါရို့သည် သင်ရို့အား ပီးအပ်ထားသည့် ညွှန်ကြားချက်များကို သင်ရို့ သိကြ၏။


အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။


များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။


ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော်အား ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။


ခရစ်တော်သည် ကိုယ်ကာယ၌ ဝေဒနာကို ခံတော်မူခသည်ဖြစ်၍ သင်ရို့သည်လည်း ထိုသို့သော သဘောကို ခံယူကြရမည်။ အကြောင်းမူကား ကိုယ်ကာယ၌ ဝေဒနာကို ခံပြီးသောသူသည် ဒုစရိုက်အပြစ်နှင့် ပြတ်စဲပြီ ဖြစ်သောကြောင့်ဖြစ်၏။


သင်ရို့သည် ခရစ်တော်၏ ဒုက္ခဆင်းရဲထဲ၌ အတူပါဝင် ခံစားရကြသည်ကို ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော် ပေါ်ထွန်းလာသောအခါ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလိမ့်မည်။


ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြောသောသူသည် ယေသျှုခရစ်တော်ကဲ့သို့ အသက်ရှင်နီထိုင်သောသူ ဖြစ်ရမည်။


ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။


ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ