13 သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ လူသားနှင့်စပ်ဆိုင်၍ စီရင်အုပ်စိုးခြင်းတည်းဟူသော အထွတ်အမြတ်ဖြစ်သော ဧကရာဇ်မင်းကို လည်းကောင်း၊
သူရို့က “ဧကရာဇ်မင်းကြီး၏ မျက်နှာပုံနှင့် နာမည်ပါ၏” ဟု လျှောက်ကြ၏။ ထို့ကြောင့် ယေသျှုက “ကောင်းယာ၊ ဧကရာဇ်မင်းကြီးပိုင်သောအရာကို ဧကရာဇ်မင်းကြီးအား ပီးကြ။ ဘုရားသခင်ပိုင်သောအရာကို ဘုရားသခင်အား ပီးကြ” ဟူ၍ မိန့်တော်မူလိုက်၏။
ယေသျှုကလည်း “ဧကရာဇ်မင်းနှင့် သက်ဆိုင်သောအရာတိကို ဧကရာဇ်မင်းအား ဆက်သလော့။ ဘုရားသခင်နှင့် သက်ဆိုင်သောအရာကို ဘုရားအား ဆက်သလော့” ဟု မိန့်တော်မူလျှင်၊ သူရို့သည် အံ့သြကြ၏။
ထို့ကြောင့် ယေသျှုက “ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အား ဆက်သကြလော၊ ဘုရားသခင်ပိုင်သည့်အရာကို ဘုရားသခင်အား ဆက်သကြလော” ဟု မိန့်တော်မူ၏။
ခရစ်တော်ကို ရိုသီလေးစားသောအားဖြင့် သင်ရို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နှိမ့်ချကြလော့။
အုပ်ချုပ်သောသူရို့နှင့် အာဏာပိုင်ရို့ကို နာခံလျက် ကောင်းသောအမှု ဟိသမျှကို လုပ်ဆောင်ခြင်းငှာ အဆင်သင့်ဟိနိန်ကြရန် လည်းကောင်း၊
ခပ်သိမ်းသောလူတိကို ရိုသီကြလော့။ ယုံကြည်သူတိကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ ကြလော့။ ဧကရာဇ်မင်းအား ရိုသီလေးမြတ်ကြလော့။
အထူးသဖြင့် ထိုသူရို့၏ ကိုယ်ခန္ဓာသည် ကိလေသာစိတ် ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင်၏ အခွင့်အာဏာတော်ကို မထီမဲ့မြင်ပြုသောသူတိ ဖြစ်ကြ၏။ ထိုမှားယွင်းသောဆရာရို့သည် အတင့်ရဲသောသူ၊ မာနထောင်လွှားသောသူ ဖြစ်ကြ၍ အထက်အရပ်နှင့်ဆိုင်သော ဘုန်းတော်ကို ရိုသီခြင်း မဟိဘဲ ကဲ့ရဲ့ပြောဆိုကြ၏။