3 အကြောင်းမူကား ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းရန် ငါရို့အတွက် မခဲယဉ်းပေ။
ထိုသူရို့သည် အလွန်လေး၍ ထမ်းရန်ခက်ခဲသောဝန်ထုပ်များကို သူတစ်ပါး ပက်ကုန်းထက်မှာ တင်တတ်ကြ၏၊ သို့သော်လည်း သူရို့မူကား ထိုဝန်ထုပ်များကို ထမ်းခြင်းငှာ သူရို့ကိုယ်တိုင် လက်ဖျားနှင့်တောင် မတို့ချင်ကြ၊
“သင်ရို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တိကို စောင့်ရှောက်လိမ့်မည်။
ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။
သင်ရို့သည် ငါ့ ပညတ်ကို ကျင့်လျှင် ငါ၏မိတ်ဆွီ ဖြစ်ကြ၏။
ထို့နောက် ပညတ်တရား၏ပကတိသဘောသည် သန့်ယှင်း၏။ ပညတ်တော်သည်လည်း သန့်ယှင်း၊ ဖြောင့်မတ်၍ ကောင်းမြတ်တော်မူ၏။
ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။
နောင်ကာလတွင် ဣသရေလလူမျိုးတိနှင့် ငါပြုမည့် ပဋိညာဉ်တရားဟူမူကား၊ ငါသည် ငါ၏ပညတ်တရားကို သူရို့၏စိတ်ဝိညာဉ်ထဲသို့ သွင်းပြီးလျှင်၊ ထိုပညတ်တရားများကို သူရို့၏ စိတ်နှလုံးတွင် ရီးထားမည်။ ငါသည် သူရို့၏ဘုရားသခင် ဖြစ်ပြီး သူရို့သည်လည်း ငါ၏လူတိ ဖြစ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။
ငါပြောသည့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်များကို နာခံခြင်းဖြင့် အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။ ထိုပညတ်သည်ကား အစအဦးကပင်လျှင် သင်ရို့အားလုံး ကြားနာခရသည့်အတိုင်း သင်ရို့အားလုံးသည် ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။