2 ငါရို့သည် ဘုရားသခင်ကိုချစ်၍ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးတိကို ချစ်ကြောင်း ငါရို့ သိကြ၏။
ငါ၏ပညတ်သည်ကား သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့ ဟူ၍ ဖြစ်၏။
ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။
သို့ရာတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အမှန်ပင် ပြည့်စုံ၏။ ဤသို့ဖြင့် ငါရို့သည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းကို သေချာစွာ သိကြ၏။
ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။
ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။