9 ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။
ထို့ကြောင့် ဥယျာဉ်သျှင်က ‘ငါ၌ တစ်ဦးတည်းသာ ဟိသော၊ ငါ၏ချစ်သောသားကို စီလွှတ်လိုက်လျှင် ထိုသူရို့သည် ငါ့သားကို အားနာကြမည်’ ဟု ဆို၍ မိမိသားကို စီလွှတ်လိုက်၏။
“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အထက်၌ တည်တော်မူပြီးလျှင်၊ ဆင်းရဲသားရို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို ရွီးခြယ်တော်မူပြီ။ အချုပ်အနှောင်ခံရသူများကို လွတ်မြောက်စီရန်အကြောင်းနှင့် မျက်စိကန်းသူရို့ကို မျက်စိပြန်မြင်စီရန်၊ ညှည်းပန်းနှိပ်စက်ခံရသူရို့ကို ကယ်မရန်နှင့်၊
သူခိုးသည် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းငှာ လာ၏။ ငါမူကား သိုးတိကို အသက်ရှင်စီရုံသာမက ကြွယ်ဝပြည့်စုံသောအသက်နှင့် ရှင်သန်နိုင်ကြစီရန် လာခြင်းဖြစ်၏။
ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။
အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။
ယေသျှုကလည်း “ဘုရားသခင် အလိုဟိတော်မူသည့် အရာကား ထိုအသျှင် စီရွှတ်တော်မူသောသူကို ယုံကြည်ရန်ဖြစ်၏” ဟု မိန့်တော်မူ၏။
ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
ယေသျှုကလည်း “ဘုရားသခင်သည် သင်ရို့၏အဖ ဖြစ်သည်ဆိုလျှင် သင်ရို့သည် ငါ့အား ချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်ပါးမှ လာပြီးလျှင် အဂု ဤနီရာ၌ ရောက်နိန်၏။ ငါသည် ကိုယ့်အခွင့်အာဏာနှင့် လာသည် မဟုတ်။ သို့သော် ဘုရာသခင်သည် ငါ့ကို စီရွှတ်တော်မူ၏။
ယေသျှုက “သူ၏ အပြစ်ကြောင့် မဟုတ်၊ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဤသူ၌ ဖြစ်သောအရာကား ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားစီရန် ဖြစ်၏။
မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။
အကြောင်းမူကား ဘုရားသခင်က၊ “သင်သည် ငါ့သား ဖြစ်၏၊ အေနိ့၌ ငါသည် သင်၏အဖ ဖြစ်၏” ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖ ဖြစ်လိမ့်မည်၊ သူသည်လည်း ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိမိ၏ မည်သည့် ကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။
ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။
ထို သက်သီခံချက်သည်ကား၊ ဘုရားသခင်သည် ငါရို့အား ထာဝရအသက်ကို ပီးတော်မူပြီး ထိုအသက်သည် မိမိသားတော်၌ ဟိ၏ ဟူ၍ ဖြစ်၏။
ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်ရို့သည် ထာဝရအသက်ရဟိကြောင်းကို သိကြစီရန် ဤအကြောင်းအရာများကို ငါ ရီးလိုက်ခြင်း ဖြစ်၏။