Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 4:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 သို့ရာတွင် ဘုရားသခင်သည် ငါရို့ကို ပိုင်တော်မူ၏။ ဘုရားသခင်ကို သိသောသူသည် ငါရို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မဆိုင်သောသူသည်ကား ငါရို့စကားကို နားမထောင်တတ်။ ဤသို့သောအားဖြင့် ငါရို့သည် စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသော ဝိညာဉ်ကို ခွဲခြား၍ သိနိုင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 4:6
33 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။


ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။


ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။


ထိုသူအား တန်းခါးစောင့်သည် တန်းခါးကို ဖွင့်ပီး၏။ သိုးများသည် သူ့အသံကို နားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးများကို နာမည်ခေါ်၍ သိုးခြံမှ ထုတ်ပြီးလျှင် သိုးများကို ဦးဆောင်လားတတ်၏။


ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။


ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။


“ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။


ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည်မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။


ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် သျှင်ဘုရင်တစ်ပါး ဖြစ်ပါသလော” ဟု မိန်းပြန်၏။ ယေသျှုက “ငါသည် သျှင်ဘုရင်တစ်ပါးဖြစ်သည်ဟု သင်ဆို၏။ ငါသည် သမ္မာတရားကို သက်သီခံခြင်းငှာ ဤလောကထဲ၌ မွီးဖွားခြင်းကိုခံ၍ ဆင်းသက်လာ၏။ သမ္မာတရားနှင့် သက်ဆိုင်သောသူတိုင်းသည် ငါ့စကားကို နားထောင်ကြ၏” ဟု မိန့်တော်မူ၏။


ယေသျှုက “သင်ရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု တဖန် နှုတ်ဆက်ပြီးလျှင် “အဖ က ငါ့ကို စီရွှတ်သကဲ့သို့ သင်ရို့ကိုလည်း ငါစီရွှတ်လိုက်၏” ဟု မိန့်တော်မူ၏။


ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။


ယေသျှုက “သင်ရို့သည် အောက်အရပ်က ဖြစ်ကြသော်လည်း ငါကား အထက်အရပ်က ဖြစ်၏။ သင်ရို့ကား လောကသားတိ ဖြစ်ကြသော်လည်း ငါကား လောကသားမဟုတ်။


ဘုရားသခင်၏ သတင်းကောင်း တရားကို ဟောပြောခြင်းငှာ ဘုရားသခင်ရွီးချယ်၍ ခေါ်တော်မူထားသော တမန်တော်တစ်ယောက်ဖြစ်သည့် ခရစ်တော်ယေသျှု၏အစီခံ ငါ ပေါလုသည် စာရီးလိုက်ပါ၏။


ထိုသို့နှင့်အညီ ကျမ်းစာက ပြောထားသည်မှာ၊ “ဘုရားသခင်သည် သူရို့အား မမြင်နိုင်၊ မကြားနိုင်အောင် သူရို့၏စိတ်နှလုံးကို ယနိ့တိုင်အောင် အမိုက်တရားဖြင့် ဖုံးလွှမ်းထား၏” ဟူ၍ ဖြစ်၏။


မိမိကိုယ်ကို ဘုရားသခင်၏ သတင်းစကား ဟောပြောသောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ဆုကျေးဇူး ရဟိသောသူဖြစ်သည်ဟူ၍ လည်းကောင်း ထင်မှတ်သောသူသည်ကား ယခု ငါရီးလိုက်သော စာသည် သခင်ဘုရား၏ ပညတ်ဖြစ်ကြောင်း သိမှတ်စီ။


သင်ရို့သည် အပြင်ပန်းသဏ္ဌန်ကိုသာ ကြည့်ရှုတတ်ကြ၏။ ဇာသူမဆို ကိုယ့်ကိုကိုယ် ခရစ်တော်နှင့် သက်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်စိတ်ချမှုဟိလျှင် ထိုသူရို့သည် ခရစ်တော်နှင့် သက်ဆိုင်သကဲ့သို့ ငါရို့သည်လည်း ခရစ်တော်နှင့် သက်ဆိုင်သောသူတိဖြစ်သည်ကို ပြန်လည်၍ စဉ်းစားဆင်ခြင်ကြလော့။


ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။


နောင်ကာလ၌ တချို့သောလူရို့သည် လိမ်လည်လှည့်ဖျားသော ဝိညာဉ်များနှင့် နတ်ဆိုးများ၏သွန်သင်မှုများ နောက်သို့ လိုက်ပါလျက် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း မိန့်တော်မူ၏။


သန့်ယှင်းသော ပရောဖက်ရို့ အယင်က ဟောပြောခသည့် စကားများကို လည်းကောင်း၊ သင်ရို့၏ တမန်တော်ရို့မှတစ်ဆင့် ပီးအပ်ခသည့် သခင်ဘုရားဟူသော ကယ်တင်သျှင်၏ ပညတ်တော်ကို လည်းကောင်း သင်ရို့ကို ပြန်လည်သတိရစီရန် ဖြစ်၏။


အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။


သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။


ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


သို့သော်လည်း အဆွီရို့၊ ငါရို့အသျှင် ယေသျှုခရစ်တော်၏ တမန်တော်တိ အယင်က ပြောခသော စကားကို သတိရကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ