15 ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
“ငါ့အား လူအများတိရှိ့၌ ဝန်ခံသောသူကို ကောင်းကင်ဘုံသျှင် ငါ၏အဖရှိ့၌လည်း ငါ ဝန်ခံလိမ့်မည်။
“ငါအမှန်ဆိုသည်ကား၊ ဇာသူမဆို လူတိရှိ့၌ ငါ့အား ဝန်ခံသောသူကို လူသားကလည်း ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူ့ကို ဝန်ခံမည်။
ငါ့အသားကို စား၍၊ ငါ့အသွီးကို သောက်သောသူသည် ငါ၌ တည်၏။ ငါသည်လည်း ထိုသူ၌ တည်၏။
သင်ရို့သည်ကား “ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏” ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ယေသျှုခရစ်တော်သည် အသျှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံ၍၊ ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစီကြလိမ့်မည်။
သားတော်ကို ငြင်းပယ်သောသူသည် ခမည်းတော်ကိုလည်း ငြင်းပယ်သောသူဖြစ်၏။ သားတော်ကို လက်ခံသောသူသည် ခမည်းတော်ကိုလည်း လက်ခံသောသူ ဖြစ်၏။
ထို့ကြောင့် သင်ရို့သည် အစအဦးကပင် ကြားခရသည့် တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲတွင် ထိန်းသိမ်းထားကြလော့။ ထိုသို့ပြုလျှင် သင်ရို့သည် သားတော်နှင့် လည်းကောင်း၊ ခမည်းတော်နှင့် လည်းကောင်း အမြဲတမ်း တစ်လုံးတစ်ဝတည်း တည်ကြလိမ့်မည်။
ကိုယ်တော်၏ ပညတ်တော်ဟူမူကား ငါရို့သည် မိမိ၏သားတော် ယေသျှု ခရစ်တော်ကို ယုံကြည်၍ ခရစ်တော်သည် ငါရို့အား ပညတ်ထားသည့်အတိုင်း အချင်းချင်း ချစ်ရကြမည် ဟူ၍ ဖြစ်၏။
ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။
မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို သင်ရို့သည် မည်သို့သိနိုင်မည့်နည်း ဟူမူကား ယေသျှု ခရစ်တော်သည် လူ့ဇာတိကို ခံယူကာ ကြွလာတော်မူသည်ဟု ဝန်ခံသောသူသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ ဖြစ်၏။
ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ယုံကြည်သောသူမှတစ်ပါး မည်သူသည် လောကကို အောင်နိုင်သနည်း။
လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။