13 ဘုရားသခင်သည် ငါရို့အား မိမိ၏ဝိညာဉ်တော်ကို ပီးတော်မူသောကြောင့် ငါရို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ကိုယ်တော်သည်လည်း ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူကြောင်းကို သေချာစွာသိကြ၏။
ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည်မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။
သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကို လည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကို လည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊
ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။
သို့ရာတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အမှန်ပင် ပြည့်စုံ၏။ ဤသို့ဖြင့် ငါရို့သည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းကို သေချာစွာ သိကြ၏။
ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။