၁ ယောဟန် 4:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကို လည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။
ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။