Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 3:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 3:8
26 ပူးပေါင်းရင်းမြစ်များ  

ငါသည် ဗေလဇေဗုလနတ်ဆိုး၏တန်န်ခိုးနှင့် လုပ်နိန်သည်မဟုတ်၊ ဘုရားသခင်ဝိညာဉ်တော်တန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်ခြင်းဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်နိုင်ငံတော်သည် သင်ရို့ပါးသို့ ရောက်နိန်ယာ။


လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။


ထိုအခါ မာရ်နတ်သည် ရောက်လာပြီးလျှင် “သင်သည် ဘုရားသခင်၏ သားမှန်လျှင် ဤကျောက်ခဲတိကို မုန့်ဖြစ်အောင် အမိန့်ပီးတော်မူပါ” ဟု ဆို၏။


“နာဇရက်မြို့သားယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန်ရို့ကို ဖျက်ဆီးဖို့ ရောက်လာသည်လော။ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသော သူဖြစ်သည်ကို — အကျွန်သိပါ၏” ဟု ဟစ်ကြော်လေ၏။


ယေသျှုကလည်း “ကောင်းကင်က လျှပ်စစ်ကျသကဲ့သို့ စာတန် ကျလာစွာကို ငါ မြင်ရ၏။


ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။


ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။


သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။


မကြာခင်မှာ ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် စာတန်မာရ်နတ်အား သင်ရို့၏ခြီဖဝါး အောက်၌ နင်းကြိတ်တော်မူလိမ့်မည်။ ငါရို့အသျှင် ယေသျှုခရစ်၏ကျေးဇူးတော်သည် သင်ရို့၌ ဟိပါစီသောဝ်။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


ထိုလက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာစက်များမှ လွတ်မြောက်တော်မူပြီးနောက် အောင်ပွဲခံကာ လူအပေါင်းရို့ရှိ့၌ ထိုသူရို့ကို အရှက်ရစီတော်မူ၏။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။


ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်သည့်အချိန်မှစ၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို အကြိမ်ကြိမ် ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တရားကို ဖယ်ယှားရန် ကပ်ကာလ၏အဆုံး၌ ကိုယ်တော်သည် တစ်ကြိမ်တည်းသာ ပေါ်ထွန်းတော်မူ၏။


အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့် ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။


ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။


ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်ပေ။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


သူရို့၌ ဟိထားသော အခွင့်အာဏာကို မထိန်းသိမ်းဘဲ နီရာအရပ်ကို စွန့်လားကြသည့် ကောင်းကင်တမန်တိအား ဘုရားသခင်သည် တရားစီရင်တော်မူရာ ကြီးစွာသောနိ့၌ သူရို့အား အပြစ်ဒဏ်ပီးရန် မှောင်မိုက်သော အောက်အရပ်တွင် ထာဝရ ချုပ်နှောင်ထားတော်မူ၏။


ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။


အသက်စာစောင်တွင် စာရင်းမဝင်သောသူ ဟိသမျှရို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ