7 သားသမီးရို့၊ သင်ရို့အား မည်သူမျှ မလှည့်ဖြားစီကေ့။ ခရစ်တော်သည် ဖြောင့်မတ်တော်မူသည့် နည်းတူ ဖြောင့်မတ်ခြင်းတရားကို ကျင့်သော သူတိုင်းသည်လည်း ဖြောင့်မတ်၏။
ထို့အပြင်၊ ငါဆိုသည်ကား သင်ရို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရာ၌ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာတိ ကျင့်သောအကျင့်ထက် မသာလွန်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရကြလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ယင်းအတွက်ကြောင့် အကျွန်ရို့လည်း ကိုယ်တော်၏ မျက်မှောက်တော်၌ သန့်ယှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် တစ်သက်လုံး ရှင်သန်ဖို့ဖြစ်၏။
လူမျိုးသည် အဓိကမဟုတ်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူရို့အား ဘုရားသခင်သည် လက်ခံတော်မူ၏။
အကြောင်းမူကား၊ တရားနာသောသူများသည် ဘုရားသခင်ရှိ့၌ ဖြောင့်မတ်သည်မဟုတ်၊ တရားကို ကျင့်သောသူတိသာလျှင် ဖြောင့်မတ်ရာ ရောက်၏။
ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊
အကျိုးမဟိသောစကားဖြင့် ဇာသူလေ့ သင်ရို့ကို မလှည့်ဖျားစီကေ့။ ထိုအမှုများဖြင့် ဘုရားသခင်ကို မနာခံသောသူရို့သည် ထိုအသျှင်၏ အမျက်တော် သင့်ခြင်းကို ခံရကြလိမ့်မည်။
အကြောင်းမူကား အလင်းသည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။
ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ ကိုယ်တော်သည် မိမိ၏ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။
ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။
နှုတ်ကပတ်တော်ကို နားထောင်ရုံ မျှဖြင့် မိမိကိုယ်ကို လှည့်ဖျားသောသူများ မဖြစ်စီကြဘဲ၊ လက်တွိ့ ကျင့်သုံးသောသူတိ ဖြစ်စီကြလော့။
သင်သည် ဘုရားသခင် တစ်ပါးတည်း ဟိကြောင်းကို ယုံကြည်သည်မှာ ကောင်းပေ၏။ နတ်ဆိုးများပင် ထိုသို့ ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။
သားသမီးရို့၊ သင်ရို့သည် အပြစ်မကျူးလွန်ကြစီရန် ဤစာကို ငါရီးလိုက်၏။ သို့ရာတွင် တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်မိပါက ခမည်းတော်ကို ကူညီဖြေယှင်းပီးသောသူတည်းဟူသော ဖြောင့်မတ်တော်မူသော ယေသျှုခရစ်တော်သည် ငါရို့အတွက်ဟိ၏။
သင်ရို့အား လှည့်ဖျားခြင်းငှာ ကြိုးစားနိန်ကြသော သူရို့၏ အကြောင်းနှင့်ပတ်သက်၍ ဤစာကို သင်ရို့ပါးသို့ ငါရီးပီးလိုက်၏။
ခရစ်တော်သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို သင်ရို့ သိကြ၏။
သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။
ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။