Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 3:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 3:2
37 ပူးပေါင်းရင်းမြစ်များ  

စိတ်နှလုံး သန့်ယှင်းဖြူစင်သော သူရို့သည် မင်္ဂလာဟိကြ၏။ သူရို့သည် ဘုရားသခင်ကို မြင်တွိ့ကြရလိမ့်မည်။


လူသား ပေါ်ထွန်းတော်မူသော နိ့တွင်လည်း ဤကဲ့သို့ ဖြစ်လိမ့်မည်။


ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။


သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။


ယုဒလူမျိုးတိအတွက်သာမက ကွဲလွင့်နိန်သော ဘုရားသခင်၏ လူမျိုးတော်များကို တစ်စုတစ်လုံးတည်း ဖြစ်စီရန် အသီခံရမည် ဟူ၍လည်းကောင်း ကြိုတင် ဟောကြားခြင်းဖြစ်၏။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။


ယခုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။


ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။


များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။


ယခု ငါရို့သည် မှန်သားပြင်၌ မထင်မရီမြင်ရသော ပုံကဲ့သို့ တွိ့မြင်ရကြ၏။ ထိုအချိန်၌ကား မျက်ဝါးထင်ထင် တွိ့မြင်ရလိမ့်မည်။ ယခုအခါ ငါသည် မစုံမလင်စွာသိမြင်ရ၏။ ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာ သိမြင်ရလိမ့်မည်။


ငါရို့သည် မြီကြီးမှ ဖန်ဆင်းထားသူ၏ ပုံသဏ္ဌာန်၌ မွီးဖွားသကဲ့သို့ ကောင်းကင်ဘုံမှ ကြွလာတော်မူသော သူ၏ပုံသဏ္ဌာန်၌လည်း မွီးဖွားခြင်းကို ခံရကြလိမ့်မည်။


သို့ရာတွင် ကျမ်းစာ၌ လာသည်အတိုင်း၊ “ဇာသူမျှ မမြင်ဖူး၊ မကြားဖူး၊ ဇာသူမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားသောအရာကို၊ ဘုရားသခင်သည် မိမိအား ချစ်သောသူရို့အဖို့ ပျင်ဆင်ထားတော်မူ၏။”


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။


သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။


သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်ကြောင်း သက်သီပြရန် ဘုရားသခင်သည် “အဗ္ဗ၊ ငါ့ အဖ” ဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်ကို ငါရို့၏ စိတ်နှလုံးထဲသို့ စီရွှတ်တော်မူ၏။


ကိုယ်တော်သည် အရာခပ်သိမ်းကို မိမိ၏ အာဏာစက်အောက်တွင် ရောက်စီတော်မူသော တန်ခိုးတော်အားဖြင့် ငါရို့၏ ဖောက်ပြန်ပျက်စီးတတ်သော ကိုယ်ခန္ဓာကို ဘုန်းတော်နှင့် ပြည့်စုံသော ကိုယ်ခန္ဓာနှင့်တူအောင် ပြောင်းလဲစီတော်မူလိမ့်မည်။


သင်ရို့၏ စစ်မှန်သောအသက်သည် ခရစ်တော်ဖြစ်၍ ကိုယ်တော် ထင်ရှားတော်မူသောအခါ သင်ရို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းတန်ခိုးတော်၌ ထင်ရှားကြလိမ့်မည်။


ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။


ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။


သားသမီးရို့၊ ကိုယ်တော် ကြွလာတော်မူသောနိ့၌ ငါရို့သည် ရှက်ကြောက်ခြင်း မဟိကြစီဘဲ၊ ရှိ့တော်၌ ရဲရင့်ခြင်းနှင့် ပြည့်ဝစီခြင်းငှာ ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။


အဆွီရို့၊ သင်ရို့ပါးသို့ ငါရီးသားလိုက်သည့် ဤပညတ်သည် ပညတ်အသစ် မဟုတ်။ အစဦးကတည်းက သင်ရို့ရထားသည့် ပညတ်ဟောင်းသာ ဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်ရို့ ကြားနာခရသည့် တရားစကားပင် ဖြစ်၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။


ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်ပေ။


သို့ဖြစ်၍ အဆွီရို့၊ ငါရို့၏ စိတ်နှလုံးက ငါရို့ကို အပြစ်တင်ခြင်း မဟိလျှင် ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ရဲရင့်ခြင်း ဟိကြ၏။


ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။


မိုးသောက်ကြယ်ကိုလည်း ထိုသူအား ငါ ပီးမည်။


သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ