Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 3:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ လောကီသားရို့သည် သင်ရို့ကို မုန်းကြလျှင် မအံ့သြ ကတ်ကေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 3:13
18 ပူးပေါင်းရင်းမြစ်များ  

ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကတ်လိမ့်မည်။ သို့သော် အဆုံးထိတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရ လိမ့်မည်။


“ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှည်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။


ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။


လူတိုင်းက ငါ၏နာမကြောင့် သင်ရို့ကို မုန်းတီးကြလိမ့်မည်။


“လူသားကြောင့် သင့်ကို လူတိက မုန်းတီးခြင်း၊ ငြင်းပယ်ခြင်း၊ မထီလေးစားပြုခံရခြင်းနှင့် အသရေရှုံ့ချ ခံရသောအခါ မင်္ဂလာဟိကြ၏။”


သင်ရို့ကို တရားဇရပ်များထဲက နှင်ထုတ်ကြလိမ့်မည်။ သင်ရို့ကို အသီသတ်သောသူများသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသောအချိန်သည် ရောက်လာလိမ့်မည်။


သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။


အကျွန်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သူရို့အား ဟောထားပြီးဖြစ်ပါ၏။ အကျွန်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ သူရို့သည်လည်း မဆက်ဆံကြသောကြောင့် လောကသားတိက သူရို့ကို မုန်းကြပါ၏။


လူတိုင်း တဖန် မွီးဖွားခြင်းကို ခံရမည်ဟု ငါ ပြောသည်ကို မအံ့ဩကေ့။


လောကီသားတိက သင်ရို့ကို မမုန်းနိုင်ကြ။ သို့သော် ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် သူရို့၏ မကောင်းသောအကျင့်များကို ထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။


ပေတရုသည် ထိုသူရို့ကို မြင်သောအခါ “ဣသရေလအမျိုးသားရို့၊ ဇာဖြစ်လို့ ဤအမှုအရာကို အံ့သြနိန်ကြပြီး၊ ဇာကြောင့် ငါရို့ကို စိ့စိ့ကြည့်နိန်ကြသနည်း။ ငါရို့၏ တန်ခိုး၊ ငါရို့၏ အကျင့်သီလအားဖြင့် ဤလူကို လမ်းလျှောက်နိုင်အောင် လုပ်နိုင်သည်ဟု ထင်ကြသလော။


မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။


အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။


ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။


ကောင်းကင်တမန်က “ဇာကြောင့် အံ့သြသနည်း” ဟု ငါ့ကို မိန်းလေ၏။ “ထိုမိန်းမ၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကို လည်းကောင်း၊ သူမစီးနိန်သော ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်းဟိသည့် သားရဲ၏လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကို လည်းကောင်း ငါပြောပြမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ