Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 2:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ကိုယ်တော့်ကို ငါရို့သိပါ၏ဟု ဆိုသော်လည်း ကိုယ်တော်၏ ပညတ်တော်တိကို မစောင့်ထိန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌ မဟိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 2:4
13 ပူးပေါင်းရင်းမြစ်များ  

သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။


အကြောင်းမူကား ဆန့်ကျင်ဘက်ပြုသောသူရို့၊ အကျိုးမဲ့စကားကို ပြောဆိုသောသူရို့နှင့် လိမ်လည်လှည့်ဖျားသူများစွာရို့သည် ဟိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် ထိုသူရို့သည် အရီဖျားလှီးခြင်းကို ခံယူထားသော သူရို့ထဲမှ ဖြစ်ကြ၏။


သူရို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း သူရို့၏အပြုအမူများအားဖြင့် ဘုရားသခင်ကို ငြင်းပယ်လျက်ဟိကြ၏။ ထိုသူရို့သည် ရွံစရာကောင်းသောသူ၊ နာခံခြင်း မဟိသောသူ၊ ကောင်းသောအမှု မှန်သမျှနှင့် မထိုက်တန်သောသူတိ ဖြစ်ကြ၏။


အကယ်၍ ငါရို့သည် အပြစ်ကျူးလွန်သူတိမဟုတ်ဟု ဆိုပါက ဘုရားသခင်ကို လိမ်လည်သောသူဟု ဆိုရာရောက်သည်ဖြစ်၍ နှုတ်ကပတ်တော်သည်လည်း ငါရို့၌ မဟိ။


သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။


ငါရို့၌ အပြစ်မဟိဟု ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် လှည့်စားသည်သာမက သမ္မာတရားသည်လည်း ငါရို့၌ မဟိ။


ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။


ငါရို့သည် အလင်း၌ဟိသည်ဟု ဆိုလျက် မိမိ၏ ညီအစ်ကို မောင်နှမကို မုန်းသောသူသည် အဂု တိုင်အောင် မှောင်မိုက်၌ ဟိသိမ့်၏။


ထို့ကြောင့် ခရစ်တော်၌ အသက်ရှင်သော သူတိုင်းသည် အပြစ်ကို မပြုတတ်။ သို့သော်လည်း အပြစ်ပြုတတ်သော သူသည်ကား ကိုယ်တော့်ကို လုံးဝ မသိမမြင်သောသူ ဖြစ်၏။


ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။


အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ