Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 2:29 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

29 ခရစ်တော်သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို သင်ရို့ သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 2:29
28 ပူးပေါင်းရင်းမြစ်များ  

ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။


မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။


လူမျိုးသည် အဓိကမဟုတ်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူရို့အား ဘုရားသခင်သည် လက်ခံတော်မူ၏။


သူက၊ ‘ငါရို့အဖိုးအဖီးတိ ကိုးကွယ်သော ဘုရားသခင်သည် မိမိ၏ အလိုတော်ကို သိစီခြင်းငှာ လည်းကောင်း၊ မိမိ၏ ဖြောင့်မတ်သော အခိုင်းအစီကို တွိ့မြင်စီခြင်းငှာ လည်းကောင်း၊ မိမိ၏ နှုတ်တော်မှ ထွက်သောအသံတော်ကို ကြားစီခြင်းငှာ လည်းကောင်း သင့်အား ရွီးချယ်တော်မူယာ။


သင်ရို့သည် သန့်ယှင်းဖြောင့်မတ်သည့် အသျှင်ကို ငြင်းပယ်၍ သင်ရို့အတွက် လူသတ်သမားကို လွှတ်ပီးရန် တောင်းဆိုလေ၏။


ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။


ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။


ထို့ကြောင့် ယေသျှုသည် ငါရို့လိုအပ်သော ယဇ်ပုရောဟိတ်မင်း အမှန်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သန့်ယှင်း၍ အပြစ်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် အပြစ်သားတိနှင့် ခြားထားခြင်းကို ခံရပြီးလျှင် ကောင်းကင်ဘဝဂ်တိုင်အောင် ချီးမြှောက်ခြင်းကို ခံတော်မူ၏။


ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသော အရာအားလုံးတွင် အဦးသီးသောအသီးများ ဖြစ်လာစီရန် သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါရို့ကို မွီးဖွားစီခြင်းငှာ ရွီးချယ်တော်မူခ၏။


အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။


ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။


သားသမီးရို့၊ သင်ရို့သည် အပြစ်မကျူးလွန်ကြစီရန် ဤစာကို ငါရီးလိုက်၏။ သို့ရာတွင် တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်မိပါက ခမည်းတော်ကို ကူညီဖြေယှင်းပီးသောသူတည်းဟူသော ဖြောင့်မတ်တော်မူသော ယေသျှုခရစ်တော်သည် ငါရို့အတွက်ဟိ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။


သားသမီးရို့၊ သင်ရို့အား မည်သူမျှ မလှည့်ဖြားစီကေ့။ ခရစ်တော်သည် ဖြောင့်မတ်တော်မူသည့် နည်းတူ ဖြောင့်မတ်ခြင်းတရားကို ကျင့်သော သူတိုင်းသည်လည်း ဖြောင့်မတ်၏။


အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။


ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။


ဘုရားသခင်၏ သားသမီးရို့သည် အပြစ် မကျူးလွန်တတ်သည်ကို ငါရို့ သိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ သားတော်သည် သူရို့ကို ကယ်တင်သောကြောင့် မာရ်နတ်သည် သူရို့ကို မထိခိုက်နိုင်။


အကြောင်းမူကား ဘုရားသခင်၏ သားသမီးရို့သည် လောကကို အောင်နိုင်၏။ ထိုသို့ လောကကို အောင်ခြင်းမှာ ငါရို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။


အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ