Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 2:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

27 သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 2:27
28 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။


ငါသည် ခမည်းတော်ကို တောင်းလျှောက်လျှင် သင်ရို့နှင့်အတူ အစဉ်မပြတ်ဟိ၍ သင်ရို့ကို မစတော်မူရန် အခြားတစ်ပါးသော ကူညီမစသောသူကို ပီးတော်မူလိမ့်မည်။


ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။


ယေဒါလည်း ခမည်းတော်က ငါ၏ နာမကြောင့် စီရွှတ်တော်မူသော ကူညီမစသော သူတည်းဟူသော သန့်ယှင်းသော ဝိညာဉ်တော်သည် ဟိသမျှအရာတိကို ပြသသွန်သင်တော်မူ၍ ငါပြောသမျှသော စကားတိကို သင်ရို့အား ပြန်လည်သတိရစီတော်မူလိမ့်မည်။


ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည်မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။


သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။


ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။


ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည်မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။


ထို့ကြောင့် ငါရို့သည် လူ၏ဉာဏ်ပညာအားဖြင့် သွန်သင်ဟောပြောခြင်းကို မပြုဘဲ၊ ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့အား ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကို ယှင်းပြသောအခါ ဝိညာဉ်တော်၏ သွန်သင်ပီးသော စကားများကိုသာ အသုံးပြုကြ၏။


သင်ရို့နှင့် ငါရို့ကို ခရစ်တော်၌ တည်စီတော်မူသော အသျှင်မှာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော် ငါရို့အား ဘိသိက်ပီးတော်မူ၍၊


သင်ရို့သည် ထိုအသျှင်၏ အကြောင်းကို သေချာစွာကြားနာ ရကြပြီး၊ ထိုအသျှင်၏ တပည့်တိအဖြစ်ဖြင့် ယေသျှုထံ၌ သမ္မာတရားတော်အကြောင်းကို သင်ယူခကြ၏။


ထို့ကြောင့် သင်ရို့သည် ခရစ်တော်ယေသျှုအား အသျှင်သခင်အဖြစ် လက်ခံထားပြီးဖြစ်သောကြောင့် ကိုယ်တော်၌ အသက်ရှင်ကြလော့။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


အဂုတွင် ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ သင်ရို့ထံ ရီးသားရန် မလိုအပ်ပေ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင်က သင်ရို့ကို သင်ကြားထားပြီး ဖြစ်၏။


သို့ဖြစ်၍ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို ဟောပြောရန် တမန်တော် တစ်ယောက်အဖြစ်ဖြင့် လည်းကောင်း၊ တခြားလူမျိုးတိကို သွန်သင်သောဆရာ အဖြစ်ဖြင့် လည်းကောင်း ငါ့အား စီရွှတ်ရသည့်အကြောင်း ဖြစ်၏။ ငါသည် မမှန်သောစကားကို ပြောနိန်သည်မဟုတ်၊ မှန်သောစကားကိုသာ ပြောနိန်ခြင်းဖြစ်၏။


အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။


သားသမီးရို့၊ ကိုယ်တော် ကြွလာတော်မူသောနိ့၌ ငါရို့သည် ရှက်ကြောက်ခြင်း မဟိကြစီဘဲ၊ ရှိ့တော်၌ ရဲရင့်ခြင်းနှင့် ပြည့်ဝစီခြင်းငှာ ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။


ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။


အကြောင်းမူကား သမ္မာတရားသည် ငါရို့၌ တည်နိန်၍ ငါရို့နှင့်အတူ ကာလအစဉ်အဆက် ဟိနိန်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ