Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 2:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 2:2
17 ပူးပေါင်းရင်းမြစ်များ  

မကြာခင် အခိုင်းအစီသည် ‘သခင် ခိုင်းလိုက်သည်အတိုင်း ဆောင်ရွက်ပြီးပါဗျာယ်။ ယေဒါလေ့ နီရာလပ်ဟိပါသိမ့်၏’ ဟု လျှောက်လေ၏။


နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။


ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။


ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့်မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။


အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။


ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။


ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ