15 သင်ရို့သည် လောကကို လည်းကောင်း၊ လောကီအရာများကို လည်းကောင်း မချစ်ကတ်ကေ့။ လောကကို ချစ်သောသူသည် ခမည်းတော်ကို မချစ်။
ထို့နောက် မာရ်နတ်သည် ယေသျှုကို အလွန်မြင့်မားသော တောင်ထိပ်သို့ ခေါ်ဆောင်၍ လောကီနိုင်ငံအသီးသီးနှင့်တကွ ထိုနိုင်ငံများ၏ ကြီးကျယ်ခန့်နားမှုများကို ပြလေ၏။
“ဇာသူလည်း သခင်နှစ်ယောက်၏ကျွန် မဖြစ်နိုင်။ သခင်တစ်ယောက်ကို မုန်း၍ တစ်ယောက်ကို ချစ်မည်၊ တစ်ယောက်ကို သစ္စာဟိ၍ တစ်ယောက်ကို ငြင်းပယ်မည်။ သင်ရို့သည် ဘုရားသခင်အမှုကိုလည်းကောင်း၊ လောကီစည်းစိမ်အမှုကို လည်းကောင်း တစ်ပြိုင်တည်း မဆောင်ရွက်နိုင်ကြ။
“မည်သည့် အခိုင်းအစီတစ်ယောက်မျှ သခင်နှစ်ဦး၏ အခိုင်းအစီကို မခံနိုင်။ သခင်တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်လိမ့်မည်။ တစ်ဦးကို သစ္စာဟိပြီး တစ်ဦးကို မလိ့မခန့် ပြုလိမ့်မည်။ သင်ရို့သည် တစ်ချိန်တည်း၌ ဘုရားသခင်၏ အခိုင်းအစီနှင့် လောကစည်းစိမ်၏ အခိုင်းအစီကို မခံနိုင်ကတ်” ဟု မိန့်တော်မူ၏။
သင်ရို့သည် လောကနှင့် သက်ဆိုင်လျှင် လောကသား အချင်းချင်းဖြစ်သောကြောင့် လောကသားများက သင်ရို့ကို ချစ်ကြလိမ့်မည်။ သို့ရာတွင် ငါသည် သင်ရို့ကို လောကထဲက ရွီးကောက်ထားသောကြောင့် လောကနှင့် မသက်ဆိုင်သည်ဖြစ်၍ လောကသားတိက သင်ရို့ကို မုန်းကြ၏။
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
ဤသို့ ပြောဆိုရာတွင် ငါသည် လူ၏အလိုကို လိုက်ရန် ကြိုးစားနိန်သလော။ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်ရန် ကြိုးစားနိန်သလော။ ထိုသို့မဟုတ်လျှင် ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်သလော။ အကယ်၍ ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်လျှင် ခရစ်တော်၏ အခိုင်းအစီ ဖြစ်နိုင်မည်မဟုတ်။
ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။
ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။
ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။
တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။
ထိုမှားယွင်းသော ပရောဖက်ရို့သည် လောကီနှင့်ဆိုင်သော သူများဖြစ်သောကြောင့် လောကီ အကြောင်းအရာများကိုသာ ပြောဆိုတတ်ကြ၏။ လောကီသားရို့သည်လည်း သူရို့၏ စကားကို နားထောင်တတ်ကြ၏။
ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် ထိုသက်သီခံချက်ကို မိမိ၏ စိတ်နှလုံးထဲ၌ ရဟိထား၏။ သို့ရာတွင် ဘုရားသခင်ကို မယုံကြည်သောသူသည် ကိုယ်တော့်ကို လိမ်လည်သောသူဟု ဆိုရာရောက်၏။ အကြောင်းမူကား ဘုရားသခင် သက်သီခံတော်မူသော သားတော်၏အကြောင်းကို သူရို့သည် မယုံကြည်ကြသောကြောင့်ဖြစ်၏။