Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယောဟန် 1:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယောဟန် 1:9
37 ပူးပေါင်းရင်းမြစ်များ  

သူရို့သည် မိမိ အပြစ်တိကို ဝန်ခံကြပြီးနောက် ယောဟန်သည်လည်း သူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီး၏။


ယုဒပြည် ကျေးလက်ဒေသနှင့် ယေရုဆလင်မြို့မှ လူအပေါင်းရို့သည် ယောဟန်ပါးသို့ လာပြီးလျှင်၊ မိမိရို့၏အပြစ်များကို ဝန်ခံကြသည်ဖြစ်၍ ယောဟန်သည် ထိုသူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီးလေ၏။


သို့ရာတွင် ပေတရုက “အချင်းမိန်းမ ထိုသူကိုငါမသိ” ဟု ငြင်းဆို၏။


ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။


ယုံကြည်လာသော သူရို့အထဲမှ များစွာသောသူရို့သည် လာကြ၍ မိမိရို့ပြုမူခသမျှသော အရာတိကို လူအပေါင်းရို့ရှိ့၌ ပွင့်လင်းစွာ ဝန်ခံကြ၏။


ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစီရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအသျှင်ဖြစ်တော်မူပြီး ယေသျှုကို ယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။


ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်ရို့အား မိမိ၏သားတော်တည်းဟူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့စီခြင်းငှာ သင်ရို့ကို ရွီးကောက်တော်မူ၏။


အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် ယခုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။


ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။


ခရစ်တော်ယေသျှုသည် အပြစ်သားရို့ကို ကယ်တင်ရန် ဤလောကထဲသို့ ကြွဆင်းလာတော်မူ၏ဟူသော စကားသည် မှန်သောစကားဖြစ်၍ လုံးဝ လက်ခံ ယုံကြည်ရမည့်စကားလည်း ဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးသောသူ တစ်ယောက်ဖြစ်၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။


အာဗြဟံလည်း အိုမင်းနိန်ယာ။ စာရာသည်လည်း သားသမီးမရနိုင်ယာ။ သို့သော်လည်း ဖခင်တစ်ယောက် ဖြစ်လာရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အကြောင်းမူကား ကတိပီးတော်မူသော အသျှင်သည် သစ္စာဟိတော်မူသည်ဟု သူသည် မှတ်ယူသောကြောင့် ဖြစ်၏။


ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။


သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ