27 ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။
သို့သော်လည်း ဤမုဆိုးမသည် ငါ့ကို နှောက်ယှက်နိန်သည်ဖြစ်၍ သူမအတွက် တရားမျှတမှုဟိစီရန် သူမ၏အမှုကို ငါစီရင်မည်။ သို့မဟုတ်လျှင် သူမသည် ငါ့အား ဆက်လက်နှောက်ယှက်လျှင် နောက်ဆုံး၌ ငါပင်ပန်းလိမ့်မည်’ ဟု စိတ်ထဲ၌ ရေရွတ်နိန်၏” ဟု မိန့်တော်မူ၏။
လူသည် လောကတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာအကျိုး ဟိမည်နည်း။
အကြောင်းမူကား မိမိနှင့် ထိုက်တန်သောအရပ်သို့ ထွက်ခွာလားသော ယုဒ၏နီရာ၌ တမန်တော်တစ်ပါးအဖြစ် အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ပါသည်” ဟု ဆုတောင်းကြ၏။
အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
ထို့ကြောင့် အစားအသောက်အားဖြင့် ညီအစ်ကိုအား လွဲမှားစီမည်ဆိုပါက ငါသည် ငါ၏ညီအစ်ကိုအား မလွဲမှားစီခြင်းငှာ အသားကို မစားဘဲနိန်မည်။
ပြိုင်ပွဲဝင်ခြင်းငှာ လေ့ကျင့်သော အားကစားသမားတိုင်းသည် တင်းကြပ်သော စည်းကမ်းများကို လိုက်နာရ၏။ ထိုသို့ လေ့ကျင့်ရသည့် အကြောင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းငှာ ပြုကြခြင်း ဖြစ်ပေ၏။ ငါရို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရဟိခြင်းငှာ ပြုကြ၏။
အလုပ်ကို ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ရခြင်း၊ မကြာခဏ အိပ်ပျက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရီငတ်ခြင်း၊ မကြာခဏ အစာ ပြတ်လပ်ခြင်း၊ အအီးဒဏ်ခံရခြင်း၊ ဝတ်စရာ လုံလောက်စွာ မဟိခြင်းများကို ငါ ခံရခ၏။
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။
အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။
သူရို့သည် ပြောင့်တန်းသော လမ်းကိုစွန့်၍ လမ်းလွဲကာ မတရားမှုကြောင့် ရဟိသော အဖိုးခကို နှစ်သက်သည့် ဗောသော်၏သား ဗာလမ်၏လမ်းကို လိုက်ကြ၏။