9 သို့ရာတွင် ဤသို့ သင်ရို့၏ လွတ်လပ်စွာ စားသောက်ခြင်းသည် ယုံကြည်ခြင်း အားနည်းသောသူများအဖို့ လွဲမှားစရာ မဖြစ်စီခြင်းငှာ သတိပြုကြလော့။
“သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
ယုံကြည်ခြင်းအားကြီးသော ငါရို့သည် အားနည်းသောသူရို့၏ ထမ်းရွက်စရာဝန်များကို ကူညီ၍ ထမ်းပီးကြရမည်။ မိမိရို့၏အလိုကို ငြင်းပယ်၍
ဇာသူမျှ ကိုယ်ကျိုးကို မရှာစီကေ့။ သူတစ်ပါး၏ အကျိုးကိုသာလျှင် ရှာစီ။
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအား ယဇ်ပူဇော်သော အသားဖြစ်၏” ဟု ဆိုလျှင် ထိုသို့ ပြောသူကို လည်းကောင်း၊ သြတ္တပ္ပစိတ်ကိုထောက်၍ လည်းကောင်း ထိုအသားကို မစားကတ်ကေ့။
သြတ္တပ္ပစိတ်ဆိုရာ၌ သင်ရို့၏ သြတ္တပ္ပစိတ်ကို မဆိုလို။ တစ်ပါးသူ၏ သြတ္တပ္ပစိတ်ကို ဆိုလို၏။ အကြောင်းမူကား “ငါ၏လွတ်လပ်မှုကို ဇာကြောင့် သူတစ်ပါး၏ သြတ္တပ္ပစိတ်ဖြင့် ကန့်သန့်ထားရပါမည်နည်း။
ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ —
အကယ်၍ ဤကိစ္စရပ်၌ အသိစိတ် အားနည်းသောသူသည် အသိပညာ ဟိသောသင်ရို့အား နတ်ကွန်းအတွင်း၌ ထိုင်လျက် စားသောက်နိန်သည်ကို မြင်တွိ့ကြသောအခါ ရုပ်တုအား ဆက်သသည့် ပူဇော်သကာကို စားရဲလာမည် မဟုတ်လော။
ဤနည်းအားဖြင့် သင်ရို့သည် ညီအစ်ကိုများအား ပြစ်မှား၍ သူရို့၏အသိစိတ်အားနည်းခြင်းကိုလည်း ထိခိုက်စီပြီး ခရစ်တော်ကို ပြစ်မှားရာရောက်၏။
ငါသည် ယုံကြည်ခြင်း အားနည်းသော သူရို့အထဲသို့ ရောက်သောအခါ ထိုသူရို့ကို ရခြင်းငှာ ယုံကြည်ခြင်းအားနည်းသူကဲ့သို့ နီထိုင်၏။ လူအမျိုးမျိုးထဲမှ အချို့သောသူရို့ကို တစ်နည်းနည်းအားဖြင့် ကယ်တင်နိုင်ခြင်းငှာ ငါသည် အမျိုးမျိုးနီထိုင်ခ၏။
ငါရို့သည် ထိုသို့ ပြုရန် မဝံ့မရဲ ဖြစ်ခသောကြောင့် ဝန်ခံရန်ပင် ငါသည် ရှက်၏။ သိုရာတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါသည်လည်း ဝါကြွားဝံ့သည်ဟု မိုက်မဲသောသူတစ်ယောက်ကဲ့သို့ ငါပြောဆို၏။
တစ်စုံတစ်ယောက်သည် အားနည်းနိန်လျှင် ငါသည်လည်း အားနည်းရ၏။ တစ်စုံတစ်ယောက်သည် လမ်းလွဲနိန်လျှင် ငါသည် ပူပန်ခြင်းနှင့် ပြည့်နိန်၏။
ငါရို့၏ အမှုတော်ဆောင်ခြင်းနှင့် ပတ်သတ်၍ ဇာသူလေ့ အပြစ်မရှာနိုင်စီရန် ငါရို့သည် သူတစ်ပါး၏လမ်းကို အတားအဆီး တစ်စုံတစ်ခုကိုမျှ မပြု။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည်မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။
လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။
သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။
သို့ရာတွင် သင်ရို့အထဲတွင် ဗာလမ်၏အယူဝါဒကို လိုက်လျှောက်သောသူများ ဟိနိန်သဖြင့် သင့်အား အပြစ်ဆိုစရာ အနည်းချေဟိ၏။ ဣသရေလလူမျိုးရို့သည် ရုပ်တုအား ပူဇော်သော အစားအစာများကို စားကြစီရန်နှင့် မတရားသောမေထုန်ကို လိုက်စားကြစီရန် ဗာလမ်သည် ဗာလက်မင်းအား သင်ကြားပီးခ၏။