12 ဤနည်းအားဖြင့် သင်ရို့သည် ညီအစ်ကိုများအား ပြစ်မှား၍ သူရို့၏အသိစိတ်အားနည်းခြင်းကိုလည်း ထိခိုက်စီပြီး ခရစ်တော်ကို ပြစ်မှားရာရောက်၏။
“သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
ထိုအခါ ပေတရုသည် ယေသျှုပါးသို့ လာပြီးလျှင် “အသျှင်ဘုရား၊ အကျွန့်ကို အပြစ်လုပ်နိန်သော အကျွန်၏ညီအစ်ကို တစ်ယောက်ကို ဇာနှစ်ကြိမ်၊ ဇာနှစ်ခါ ခွင့်ရွှတ်ရပါဖို့လဲ၊ ခုနစ်ကြိမ်လား” ဟု မိန်း၏။
“သို့ရာတွင် မည်သူမဆို ငါ့ကို ယုံကြည်သော ဤသူငယ်များထဲက တစ်ဦးတစ်ယောက်ကို ပြစ်မှားစီသောသူဖြစ်လျှင် ထိုသူသည် ကြိတ်ဆုံကျောက်တုံးကြီးကို မိမိလိုင်ပင်းမှာ ချိုင်ဆွဲကာ ပင်လယ်နက်ထဲမှာ နှစ်မြုပ်ခြင်းကို ခံရသည်က သာ၍ ကောင်း၏။
သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
ထိုအခါ မင်းကြီးက ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤသို့သော ငါ၏ညီအစ်ကို မောင်နှမများထဲက အငယ်ဆုံးသောသူတစ်ယောက်ကို မပြုစုခခြင်းသည် ငါ့ကို မပြုစုခခြင်းဖြစ်၏’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
“ငါ့ကို ယုံကြည်သော ဤအသျှေတစ်ယောက်ယောက်ကို မှောက်မှားလမ်းလွဲစီသောသူသည် မိမိ၏လိုင်ပင်း၌ ကြီးသောကြိတ်ဆုံကျောက်ကို ဆွဲလျက် ပင်လယ်ထဲမှာ ပစ်ချခံရသည်က ယင်းသူ့အဖို့ ပို၍ကောင်း၏။
ဤသူသည် သူငယ်တစ်ယောက်ကို လမ်းလွဲစီသည်ထက် မိမိလိုင်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲပြီး ပင်လယ်ထဲသို့ ပစ်ချခံရသည်ကား ပို၍ ကောင်း၏။
အစာအတွက်အလို့ငှာ ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးကတ်ကေ့။ အစာအားလုံးသည် စင်ကြယ်ကြ၏။ သို့သော်လည်း တစ်စုံတစ်ယောက်အား အပြစ်ရောက်စီမည့်အစာကို စားသုံးခြင်းသည်ကား မှားယွင်းသောသူဖြစ်၏။
ခရစ်တော်သည် အင်္ဂါအစိတ်အပိုင်းများစွာဟိသော ကိုယ်ခန္ဓာတစ်ခုနှင့်တူ၏။ ကိုယ်ခန္ဓာသည် တစ်ခုတည်းသာဖြစ်သော်လည်း၊ မတူညီသော အင်္ဂါအစိတ်အပိုင်းများစွာ ဟိ၏။