11 သို့ဖြစ်၍ အားနည်းသော ညီအစ်ကိုအဖို့ ခရစ်တော်အသီခံတော်မူသော်လည်း သင်၏ အသိပညာကြောင့် ထိုသူသည် ပျက်စီးရလိမ့်မည်။
ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
သင် စားသောအစာကြောင့် သင်၏ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ယောက်ကို စိတ်နာလားမည်ဆိုလျှင် သင်သည် မေတ္တာတရားနှင့် လုပ်ဆောင်သောသူမဟုတ်။ သင်စားသောအစာအားဖြင့် ခရစ်တော် အသီခံပီးထားသောသူတစ်ယောက်ကို မဖျက်ဆီးကေ့။
သင်ရို့သည်လည်း ငါပြုသကဲ့သို့ ပြုကြလော့။ ငါသည် လူတိ ကယ်တင်ခံရမည့်အကြောင်း၊ ပြုသမျှသော အမှုတိတွင် ကိုယ်ကျိုးကိုမရှာဘဲ လူတိအကျိုးကို ငဲ့၍ သူရို့နှစ်သက်အောင် ပြု၏။
ထို့ကြောင့် အစားအသောက်အားဖြင့် ညီအစ်ကိုအား လွဲမှားစီမည်ဆိုပါက ငါသည် ငါ၏ညီအစ်ကိုအား မလွဲမှားစီခြင်းငှာ အသားကို မစားဘဲနိန်မည်။
ထို့ကြောင့် ရုပ်တုကို ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ပြောရသော်၊ ရုပ်တုသည် ဘုရားအစစ်အမှန် မဟုတ်သည်ကို လည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အခြားသောဘုရား မဟိကြောင်းကို လည်းကောင်း ငါရို့ သိကြ၏။