10 အကယ်၍ ဤကိစ္စရပ်၌ အသိစိတ် အားနည်းသောသူသည် အသိပညာ ဟိသောသင်ရို့အား နတ်ကွန်းအတွင်း၌ ထိုင်လျက် စားသောက်နိန်သည်ကို မြင်တွိ့ကြသောအခါ ရုပ်တုအား ဆက်သသည့် ပူဇော်သကာကို စားရဲလာမည် မဟုတ်လော။
ဤသို့ ပြောမည့်အစား၊ ရုပ်တုဆင်းထုတိကို ပူဇော်ပသထားသည့် မစင်ကြယ်သော အစားအစာတိကို လည်းကောင်း၊ မတရားသောမေထုန်လွန်ကျူးခြင်းကို လည်းကောင်း၊ လိုင်ပင်းကို ညှစ်၍ သတ်ထားသောတိရစ္ဆာန်တိကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း ယှောင်ကြဉ်ကြစီခြင်းငှါ စာရီး၍ သူရို့ကို မှာလိုက်သင့်၏။
ပကတိသဘောအားဖြင့် မစင်ကြယ်သောအစားအစာဟူ၍ မဟိဟု အသျှင်ယေသျှုကို အမှီပြုလျက် ငါ အခိုင်အမာယုံကြည်ထား၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ဤအစာသည် မစင်ကြယ်ဟု ယူဆလျှင် ထိုအစာသည် ထိုသူအတွက် မစင်ကြယ်။
သို့ရာတွင် သံသယစိတ်ဖြင့် စားသောသူသည် ယုံကြည်သောစိတ်မဟိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံကြည်ခြင်းအားဖြင့် မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။
ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ —
ထို့ကြောင့် ရုပ်တုကို ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ပြောရသော်၊ ရုပ်တုသည် ဘုရားအစစ်အမှန် မဟုတ်သည်ကို လည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အခြားသောဘုရား မဟိကြောင်းကို လည်းကောင်း ငါရို့ သိကြ၏။
သို့ရာတွင် လူတိုင်း ဤအသိပညာကို ရကြသည်မဟုတ်။ အချို့သောသူရို့သည် ရုပ်တုကိုးကွယ်သည့်အလေ့အထဟိခသည်ဖြစ်၍ အဂုကာလ၌ပင် ရုပ်တုကို ပူဇော်ထားပြီးသော အစားအစာကို စားသောအခါ ရုပ်တုနှင့်သက်ဆိုင်သော အစားအစာဟု မှတ်ယူလျက် စားနိန်ကြ၏။ ထို့ကြောင့် သူရို့၏ အားနည်းသောအသိစိတ်သည် သူရို့ကို မသိုးမသန့်ဖြစ်ရ၏။
သို့ရာတွင် ဤသို့ သင်ရို့၏ လွတ်လပ်စွာ စားသောက်ခြင်းသည် ယုံကြည်ခြင်း အားနည်းသောသူများအဖို့ လွဲမှားစရာ မဖြစ်စီခြင်းငှာ သတိပြုကြလော့။