4 မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။
သင်ရို့ကို ငါ ဆိုသည်ကား၊ မည်သူမဆို ကာမဖောက်ပြန်ခြင်းကလွဲ၍ မိမိမယားကို ကွာပြီး တခြားမိန်းမနှင့် ပေါင်းသင်းသောသူသည် သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။”
လင်ယောက်ျားတစ်ယောက်သည် မိမိမယားအား ပြုအပ်သော ဝတ်ကို လည်းကောင်း၊ မယားသည်လည်း မိမိလင်ယောက်ျားအား ပြုအပ်သောဝတ်ကို လည်းကောင်း ပြည့်ဝစွာ ပြုလျက် တစ်ဦး၏အလိုကို တစ်ဦးက ဖြည့်ဆည်းပီးရမည်။
သင်ရို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ သဘောတူညီစွာ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိရို့၏လင်မယားဝတ်ကို ပြုရန် မငြင်းပယ်ကတ်ကေ့။ သို့ရာတွင် မိမိရို့၏စိတ်ကို ချုပ်တည်းခြင်းအားဖြင့် စာတန်မာရ်နတ်၏ သွီးဆောင်ခြင်းကို မခံရစီရန် ဆုတောင်းပတ္ထနာပြုကြ ပြီးသောအခါ ပြန်၍ လင်မယားဝတ်ကို ပြုကြလော့။