2 သို့သော် မတရားသောမေထုန်ပြုခြင်း များပြားနိန်သောကြောင့် ယောကျ်ားတိုင်း၌ မယားဟိအပ်၏။ မိန်းမတိုင်း၌လည်း လင်ယောက်ျား ဟိအပ်၏။
သို့သော်၊ အဂုသင်ရို့ကို ငါ ဆိုလိုသည်ကား၊ ဖောက်ပြန်တတ်သော မိန်းမကလွဲ၍ ဇာအကြောင်းနှင့်မဆို မိမိမယားကို ကွာသောသူသည် မိမိမယားကို ပြစ်မှားခြင်းဖြစ်၏။ လင်ကွာထားသောမိန်းမနှင့် ပေါင်သင်းသော ယောက်ျားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။
မတရားသောမေထုန် လိုက်စားခြင်းကို ယှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ ဖြစ်သော်လည်း မတရားသောမေထုန် လိုက်စားခြင်းအပြစ်ကိုပြုသော လူတစ်ယောက်ကား မိမိ၏ခန္ဓာကိုယ်ကို ပြစ်မှားသောသူ ဖြစ်၏။
ယခု သင်ရို့ရီးသား၍ ပီးပို့လိုက်သော စာ၌ ပါဟိသော အကြောင်းအရာများနှင့် ပတ်သက်၍ ပြောရသောစကားမူကား၊ ယောက်ျားတစ်ယောက်သည် အိမ်ထောင်မပြုဘဲ နီနိုင်လျှင် ကောင်း၏။
လင်ယောက်ျားတစ်ယောက်သည် မိမိမယားအား ပြုအပ်သော ဝတ်ကို လည်းကောင်း၊ မယားသည်လည်း မိမိလင်ယောက်ျားအား ပြုအပ်သောဝတ်ကို လည်းကောင်း ပြည့်ဝစွာ ပြုလျက် တစ်ဦး၏အလိုကို တစ်ဦးက ဖြည့်ဆည်းပီးရမည်။
သို့သော် သင်ရို့၏စိတ်ဆန္ဒကို မချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြလော။ ကိလေသာစိတ်ပူလောင်ခြင်း ဟိသည်ထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။
လင်ယောက်ျားရို့သည် မိမိရို့ကိုယ်ကို ချစ်သကဲ့သို့ မိမိရို့၏ မယားတိကို ချစ်ကြရမည်။ မယားကို ချစ်သောသူသည် မိမိကိုယ်ကို ချစ်သောသူဖြစ်၏။ (
သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။
သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်ကို သိကြသည်ဖြစ်၍၊
ထိုသို့သောသူရို့က အိမ်ထောင်ပြုခြင်းနှင့် အချို့သော အစားအစာများကို စားသုံးခြင်းသည် မှားယွင်းသည်ဟု သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ဤအစာများကို စားသောက်ကြရန် ဘုရားသခင် ဖန်ဆင်းထားတော်မူ၏။