၁ ကောရိန္သု 6:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား20 ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရာ၌လည်းကောင်း သင်ရို့၏ခန္ဓာကိုယ်ကို သန့်ရှင်း၍ ဘုရားသခင်နှစ်သက်တော်မူသော အသက်ရှင်သည့် ပူဇော်သကာအဖြစ် ဆက်ကပ်ပူဇော်ကြခြင်းငှာ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သင်ရို့ကို ငါ တောင်းပန်လိုက်ပါ၏။ ဤကား သင်ရို့ပြုရမည့် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။
သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။
ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။