၁ ကောရိန္သု 6:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား2 ဘုရားသခင်၏လူများသည် ဤလောကကို တရားစီရင်ရမည်အကြောင်း သင်ရို့ မသိကြသလော။ သင်ရို့သည် ဤလောကကို တရားစီရင်မည့် သူများဖြစ်သည်ဆိုလျှင် ငယ်သောအမှုကိစ္စများကို မစီရင်နိုင်ပါသလော။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။