17 သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။
အသွီးအသားအားဖြင့် မွီးဖွားသောသူသည် အသွီးအသားနှင့် ဆိုင်၏။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည် ဝိညာဉ်နှင့်သာ ဆိုင်၏။
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည်မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။
ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။
သင်ရို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်သည်ကို သင်ရို့သိကြ၏။ ငါသည် ခရစ်တော်၏ကိုယ်အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏ ကိုယ်အင်္ဂါ ဖြစ်ရစီမည်လော။ ထိုသို့ မဖြစ်စီနိုင်။
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
အကြောင်းမူကား ငါရို့သည် ကိုယ်တော့်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။)
ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။