9 သင်ရို့အား ကာမဂုဏ်လိုက်စားသော သူရို့နှင့် မပေါင်းဖော်စီခြင်းငှာ ယခင်က သင်ရို့ပါးသို့ ရီးလိုက်သောစာ၌ ငါမှာထားခ၏။
ထိုသို့ မှာကြားရာ၌ ဤလောက၌ ဟိသော မေထုန်လိုက်စားသောသူတိ၊ လောဘလွန်ကျူးသောသူတိ၊ သူခိုးတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိနှင့် မပေါင်းဖော်ရဟု မဆိုလို။ ထိုသူရို့ကို ယှောင်ရမည်ဆိုလျှင် သင်ရို့သည် ဤလောကမှ လုံးဝထွက်ခွာလားရပေလိမ့်မည်။
သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ဝါကြွားနိုင်ကြသနည်း။ သင်ရို့သည် လွန်စွာဝမ်းနည်းပူဆွေး နိန်သင့်ကြ၏။ ထိုအမှုကို ပြုသောသူအား သင်ရို့အထဲမှ နှင်ထုတ်သင့်၏။
သင်ရို့သည် စင်ကြယ်စီခြင်းငှာ တဆီးဟောင်းတည်းဟူသော အပြစ်ဒုစရိုက်ကို ပယ်ကြလော့။ သို့မှသာလျှင် သင်ရို့သည် တဆီးမပါသော အသစ်သောမုန့်ညက်ကဲ့သို့ ဖြစ်လိမ့်မည်။ ငါရို့၏ ပသခါသိုးသူငယ်တည်းဟူသော ခရစ်တော်အား ယဇ်ပူဇော်ပြီးပြီ ဖြစ်သောကြောင့် ငါရို့အဖို့ ပသခါပွဲကျင်းပရန် အဆင့်သင့်ဟိ၏။
မယုံကြည်သူများနှင့် တွဲဖက်၍ မညီသောထမ်းပိုးကို မထမ်းကတ်ကေ့။ ဖြောင့်မတ်ခြင်းသည် မတရားမှုနှင့် မည်သို့ တွဲဖက်နိုင်မည်နည်း။ အလင်းသည်လည်း အမှောင်နှင့် မည်သို့ မိတ်ဖွဲ့နိုင်မည်နည်း။
သို့ဖြစ်၍ သခင်ဘုရားက၊ “ထိုသူရို့ပါးမှ ထွက်လာကြလော့။ သူရို့နှင့် မပေါင်းဖော်ကတ်ကေ့။ မစင်ကြယ်သောအရာများကို မတို့မထိကတ်ကေ့။ ထိုသို့ပြုလျှင် သင်ရို့ကို ငါလက်ခံမည်။
မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။
အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။
ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။