၁ ကောရိန္သု 5:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား2 သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ဝါကြွားနိုင်ကြသနည်း။ သင်ရို့သည် လွန်စွာဝမ်းနည်းပူဆွေး နိန်သင့်ကြ၏။ ထိုအမှုကို ပြုသောသူအား သင်ရို့အထဲမှ နှင်ထုတ်သင့်၏။ အခန်းကိုကြည့်ပါ။ |
သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။
နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။