8 မျိုးစိ့ကို စိုက်ပျိုးသောသူနှင့် ရီလောင်းသောသူရို့သည် ခြားနားမှုမဟိ။ ဘုရားသခင်သည် လူအသီးသီးရို့၏ လုပ်ဆောင်သည့်အတိုင်း အကျိုးကို ပီးတော်မူလိမ့်မည်။
အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
အသျှင်က ‘သင်သည်လည်း မြို့ကြီးငါးမြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
အကြောင်းမူကား ဘုရားသခင်သည် လူအသီးသီးရို့အား မိမိရို့ ပြုကျင့်သည့်အတိုင်း အကျိုးအပြစ်ကို ပီးတော်မူလိမ့်မည်။
ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
ထိုအုတ်မြစ်ထက်တွင် တည်ဆောက်သည့်အရာသည် ၎င်းမီး၏ဒဏ်ကို ခံနိုင်လျှင် တည်ဆောက်သောသူသည် ဆုလာဘ်ကို ရလိမ့်မည်။
မျိုးစိ့ကို စိုက်ပျိုးသောသူနှင့် ရီလောင်းသောသူသည် အဓိကမဟုတ်။ အပင်ကို ကြီးထွားစီတော်မူသော သူတည်းဟူသော ဘုရားသခင်သာလျှင် အဓိကဖြစ်တော်မူ၏။
ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။
သင်ရို့၏ယုံကြည်သူ အသက်တာ၌ သွန်သင်မည့်ဆရာ ၁၀,၀၀၀ ဟိသော်လည်း ဖခင် တစ်ဦးတည်းသာ ဟိ၏။ ငါသည် သတင်းကောင်းကို ယူဆောင်လာခြင်းအားဖြင့် သင်ရို့အသက်တာတွင် ခရစ်တော်ယေသျှု၌ သင်ရို့၏ဖခင် ဖြစ်လာ၏။
ဇာစစ်သားသည် မိမိ၏စရိတ်ဖြင့် စစ်မှုထမ်းသနည်း။ ဇာဥယျာဉ်မှူးသည် မိမိစိုက်ပျိုးသော စပျစ်ဥယျာဉ်မှ စပျစ်သီးကို မစားဘဲ နိန်သနည်း။ ဇာသိုးထိန်းသည် မိမိထိန်းကျောင်းရသော သိုးများမှ နို့ကိုမသုံးဆောင်ဘဲ နိန်သနည်း။
လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်စီ။ ထိုသို့ပြုလျှင် သူတစ်ပါးပြုသောအမှု၌ နှိုင်းယှဉ်ခြင်းကိုမပြုဘဲ မိမိပြုသောအမှုသည် ကောင်းလျှင် ဂုဏ်ယူဝါကြွားစရာအကြောင်း ဟိလိမ့်မည်။
အကြောင်းမူကား လူတိုင်း မိမိ၏ဝန်ကို ထမ်းရွက်ရမည်။
ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်လျှင် သိုးထိန်းကြီး ပေါ်ထွန်းတော်မူသောအခါ သင်ရို့သည် မည်သည့်အခါမျှ မညှိုးနွမ်းသော ဘုန်းတော်နှင့် ပြည့်စုံသည့် သရဖူကို ရကြလိမ့်မည်။
သို့ဖြစ်၍ သင်ရို့သည် ငါရို့ လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။
ငါသည် သူမ၏ နောက်လိုက်ရို့ကို သီမင်းလက်သို့ အပ်မည်။ ထိုအခါ၌ ငါသည် လူရို့၏စိတ်နှလုံးနှင့် အကြံအစည်တိကို သိမြင်တော်မူသောသူဖြစ်ကြောင်း အသင်းတော်အပေါင်းရို့သည် သိကြလိမ့်မည်။ သင်ရို့ အသီးသီး၏အကျင့်အတိုင်း အကျိုးအပြစ်ကို ငါပီးမည်။
ယေသျှုက “နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။